
မန်စီးတီးကိုအနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် ဆေးထိုးခဲ့ရတဲ့ ဗယ်လ်ဗာဒီ
သတင်းတွေအရ ရီးရဲလ်နောက်ခံလူ ဗယ်လ်ဗာဒီတစ်ယောက် မန်စီးတီးနဲ့ပွဲမတိုင်ခင် ဆေးထိုးခဲ့ရတယ်လို့ သိရပါတယ်။ ရိုမာနိုရဲ့အဆိုအရ အသက် ၂၆ နှစ်သားဟာ ကြားရက်တုန်းက မန်စီးတီးနဲ့ပွဲမှာ ဆေးထိုးမှုခံယူခဲ့ရတာဖြစ်ပါတယ်။ အေအက်စ်သတင်းဌာနကလည်း ဗယ်လ်ဗာဒီတစ်ယောက် ညာနောက်ခံလူအဖြစ် ပါဝင်ကစားခဲ့ပြီးနောက် ဘယ်ဘက်ပေါင်ခြံနာကျင်ခဲ့ပြီး နောက်ထပ်ဆေးထိုးခဲ့ရတာဖြစ်ပါတယ်။
ကနဦးတုန်းက ကာဗာဂျယ်ကညာနောက်ခံလူအဖြစ် ပါဝင်ကစားနေပေမယ့် ကာလရှည်နားရမှာဖြစ်တာကြောင့် ဗယ်လ်ဗာဒီက သူနဲ့အနည်းငယ်သာအံဝင်တဲ့နေရာမှာ အစားဝင်ကစားခဲ့ရတာဖြစ်ပါတယ်။ အဆိုပါပွဲမှာ ရီးရဲလ်က စီးတီးကို ဘာပေရဲ့ဟက်ထရစ်နဲ့အနိုင်ယူပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဗယ်လ်ဗာဒီဟာ ကွင်းလယ်လူတစ်ဦးဖြစ်ပေမယ့် ဒီရာသီမက်ဒရစ်အတွက် စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပြိုင်ပွဲစုံ ၄၁ ပွဲပါဝင်ကစားထားရာမှာ ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ တကယ်လို့ ဗယ်လ်ဗာဒီအနေနဲ့ အဆင်ပြေမယ်ဆိုရင် လာမယ့်ဂီရိုနာနဲ့ပွဲမှာ ပါဝင်လာနိုင်ချေရှိပေမယ့် အန်ဆယ်လော့တီက သူ့ကိုအနားပေးဖွယ်ရှိနေပါတယ်။