The network connection is lost.

Banner Image

အကျိုးစီးပွားဆိုင်ရာပဋိပက္ခဖြစ်မှု သံသယဖြင့် စုံစမ်းစစ်ဆေးခံနေရတဲ့ ပီအက်စ်ဂျီဥက္ကဋ္ဌ အယ်လ်ခါလိုင်ဖီ

ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ၊ ကာတာနိုင်ငံသား နာဆာအယ်လ်ခါလိုင်ဖီကို အကျိုးစီးပွားဆိုင်ရာပဋိပက္ခဖြစ်မှုသံသယတွေနဲ့ ပြင်သစ်နိုင်ငံမှာ စုံစမ်းစစ်ဆေးနေတယ်လို့ ပါရီမြို့တော်ရှိ အစိုးရရှေ့နေတွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီကနဦးစုံစမ်းစစ်ဆေးမှုတွေက အယ်လ်ခါလိုင်ဖီရဲ့ ချန်ပီယံလိဂ်လက်ရှိချန်ပီယံပီအက်စ်ဂျီအသင်းနဲ့ beIN Media Group တို့အပေါ်  ပူးတွဲတာဝန်ယူကိုင်တွယ်နေမှုတွေနဲ့ ဆက်စပ်နေပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဘောလုံးလိဂ်တာဝန်ရှိသူတွေနဲ့ ရုပ်သံထုတ်လွှင့်ခွင့်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတစ်ခုလည်း ပါဝင်ပတ်သက်နေတယ်လို့ L'Equipe အားကစားသတင်းဌာနရဲ့ဖော်ပြချက်ကို အတည်ပြုရင်း အစိုးရရှေ့နေရုံးမှ ပြောဆိုခဲ့ပါတယ်။
 
ပါရီအခြေစိုက်ကလပ်အသင်းကို ဥရောပထိပ်တန်းအဆင့်ဆီ ပို့ဆောင်ပေးနိုင်ရန် ရည်မှန်းချက်ဖြင့် ၂၀၁၁ မှာ Qatar Sports Investments က ဝယ်ယူပြီးနောက် ပြင်သစ်လီဂူးဝမ်းချန်ပီယံတွေကို ဦးဆောင်လာခဲ့တဲ့ ပီအက်စ်ဂျီဥက္ကဋ္ဌက လတ်တလောနှစ်တွေအတွင်း တရားဥပဒေဆိုင်ရာ အမှုပေါင်းမြောက်များစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အယ်လ်ခါလိုင်ဖီကတော့ မမှန်မကန်လုပ်ဆောင်ခဲ့တာမျိုး မရှိဘူးလို့ အမြဲငြင်းဆိုထားသလို သူ့ရဲ့ရှေ့နေကလည်း အယ်လ်ခါလိုင်ဟာ မည့်သည့်ဘက်ကိုမှမလိုက်ဘဲ သီးခြားလွတ်လပ်စွာ ဓမ္မဓိဋ္ဌာန်ကျကျ အမြဲလုပ်ဆောင်ခဲ့ပါတယ်လို့ AFP သတင်းဌာနဆီ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အယ်လ်ခါလိုင်ဖီနဲ့ပတ်သက်တဲ့ နောက်ဆုံးစုံစမ်းစစ်ဆေးမှုကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့(Anticor)ရဲ့ သတင်းပေးချက်အရ ဧပြီလမှာ စတင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်တွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာရဲတပ်ဖွဲ့ဆီ လွှဲအပ်ထားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကုမ္ပဏီတစ်ခုရဲ့အစုရှယ်ယာရှင်များ မဲပေးမှုနဲ့ပတ်သက်လို့ အာဏာအလွဲသုံးစားပြုလုပ်ရာတွင် အားပေးကူညီမှုဖြင့် အယ်လ်ခါလိုင်ဖီကို တရားစွဲဆိုခဲ့တယ်လို့ ဒီအမှုနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
 
ထို့အပြင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာရှင်များ မဲပေးမှုနှင့်ပတ်သက်၍ အာဏာအလွဲသုံးစားပြုလုပ်ရာတွင် အားပေးကူညီမှုဖြင့် ၎င်းအား တရားစွဲဆိုခဲ့ကြောင်း အဆိုပါအမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ပြေးခုံပစ်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရန် ကာတာနိုင်ငံရဲ့လျှောက်ထားမှုမှာ အဂတိလိုက်စားခဲ့တယ်ဆိုတဲ့ အယ်လ်ခါလိုင်ဖီအပေါ် စွဲဆိုထားတဲ့ ပြစ်မှုတွေကိုတော့ ပြင်သစ်အယူခံတရားရုံးချုပ်က နိုင်ငံ့တရားစီရင်ရေးစနစ်မှာ သူ့အပေါ် တရားစွဲဆိုပိုင်ခွင့်မရှိဘူးလို့ ဆုံးဖြတ်ကာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အပြီးတိုင်ပယ်ဖျက်ပေးခဲ့ပါတယ်။