The network connection is lost.

Banner Image

ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အတွက် ဘာစီလိုနာအသင်း ရေပန်းအစားဆုံး မဟုတ်ပါဘူးလို့ အခိုင်အမာပြောကြားလိုက်တဲ့ ရိုဒရီ

ဘာစီလိုနာကြယ်ပွင့်ရိုဒရီက အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူတို့အသင်းကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ထားမှုအပေါ် လျှော့ချပြောဆိုခဲ့ပေမဲ့ ဒါဟာ ဆုဖလားရယူမယ့်မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်တာမျိုး မဟုတ်ဘူးလို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဟန်စီဖလစ်ခ်ရဲ့အသင်းက အခုရာသီ၊ လာလီဂါငါးပွဲကစားပြီးချိန် ၂၁ ဂိုးအထိ သွင်းယူကာ လေးဂိုးသာ ခွင့်ပြုပေးထားရပြီး လက်ရှိဥရောပရဲ့အကောင်းဆုံးအသင်းတစ်ခုလို ဖြစ်နေပါတယ်။

ဖီယင်နုကို ၅-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် ဘာစီလိုနာက လက်ရှိချန်ပီယံပီအက်စ်ဂျီ၊ ကွန်ပနီရဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့နောက်၊ ချန်ပီယံလိဂ်အုပ်စုအဆင့်အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ဒီပြိုင်ပွဲမှာ ကတ္တလန်ဒေသအခြေစိုက်ကလပ်အသင်း ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေတယ်လို့ ဘောလုံးပရိသတ်အများစု သုံးသပ်ထားကြပေမဲ့ ရိုဒရီကတော့ ဒီမျှော်လင့်ချက်တွေကို လျှော့ချပြောကြားခဲ့ပါတယ်။
 
Mundo Deportivo နဲ့ အင်တာဗျူးမှာ အသက် ၃၀ နှစ်အရွယ်ကစားသမားက "ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရေပန်းအစားဆုံးအသင်းတော့ မဟုတ်ဘူးလို့ ထင်ပါတယ်" လို့ ပြောပါတယ်။
 
"ဒါ ဆွတ်ခူးနိုင်မယ့် ဆုဖလားတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီး တနည်းအားဖြင့်ပြောရရင် ကျွန်တော်တို့အသင်းရဲ့အခြေအနေကို ခိုင်မာစေဖို့နဲ့ ကျွန်တော်တို့ကိုယ်စားပြုတဲ့အသင်းရဲ့စရိုက်လက္ခဏာကို ဥရောပမှာ ပြသနိုင်ဖို့အတွက် ကျန်ရှိနေတဲ့ နောက်ဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်"
 
"ဒီရှုထောင့်မှကြည့်မယ်ဆိုရင် ကျွန်တော်တို့က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် ဘယ်နေရာမှ လာခဲ့ရသလဲဆိုတာကို နားလည်ရမှာဖြစ်သလို ချန်ပီယံဖြစ်ဖို့ ဘာတွေလိုအပ်လဲဆိုတာကိုလည်း သဘောပေါက်ရပါမယ်။ ချန်ပီယံဖြစ်လာဖို့ ဒီအသင်းအတွက် ပြုပြင်ရမယ့် အချက်တွေ အများကြီးရှိနေပါသေးတယ်" လို့ ဆိုပါတယ်။