
The network connection is lost.

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က အသင်းရဲ့ အသုံးမဝင်တဲ့ တန်းကြေးမြင့်ကစားသမား ခေါ်ယူမှုတွေနဲ့ပတ်သက်ပြီး သူ့မှာတာဝန်မရှိဘူးလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ တန်ဟက်လက်ထက်မှာ ယူနိုက်တက်ဟာ အန်တိုနီ၊ မေဆင်မောင့်နဲ့ ကတ်စမဲရိုးတို့လို တန်းကြေးမြင့် ကစားသမားတွေခေါ်ယူခဲ့ပေမယ့် ထင်သလောက် အသုံးမဝင်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ တန်ဟက်ကို အပြစ်တင်ခဲ့ကြသော်လည်း နယ်သာလန်သားကတော့ ဒီလိုခေါ်ယူမှုတွေက သူနဲ့မသက်ဆိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
တန်ဟက်က “ကစားသမားတွေအတွက် ပေးချေခဲ့ရတဲ့ ဈေးနှုန်းတွေက အရမ်းမြင့်မားပါတယ်။ ဒါပေမယ့် ဒီအတွက် ကျွန်တော့်မှာ တာဝန်မရှိပါဘူး။ ညှိနှိုင်းမှုတွေအားလုံးကို ကလပ်ကပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး အခြားကစားသမားကောင်းအချို့ကိုလည်း ခေါ်ယူနိုင်ဖို့ အလားအလာကောင်းတွေ ရှိခဲ့ပါတယ်” “ဒါကြောင့် ကလပ်ရဲ့ကစားသမားဝယ်ယူမှု ပေါ်လစီက ယခုလက်ရှိလူတွေဝေဖန်ထားတာထက် ပိုပြီးတော့သပ်ရပ်တဲ့အခြေအနေမှာ ရှိပါတယ်။ အပျက်သဘောဆောင်တဲ့ခေါ်ယူမှုတွေရှိခဲ့ပေမယ့် ဒါတွေကြောင့်ပဲ ကလပ်ရဲ့အခြေခံအုတ်မြစ်က ပိုပြီးကောင်းလာခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အပြင်ကခေါ်ယူထားတဲ့ကစားသမားတွေ ရုန်းကန်နေရချိန်မှာ အသင်းရဲ့အကယ်ဒမီက ကိုယ်ပိုင်ကစားသမားတွေကို တိုးတက်အောင်ပြုလုပ်နိုင်ခဲ့ပါတယ်” “ကိုဘီမိုင်နူး၊ အလီဂျန်ဒရိုဂါနာချိုနဲ့ အာမက်ဒီယာလိုတို့ဟာ အတော်လေး တိုးတက်လာကြပြီး ပင်ကိုယ်အရည်အချင်းတွေကို ပိုင်ဆိုင်ထားတာကြောင့် အသင်းရဲ့အနာဂတ်ဟာ တောက်ပလာခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
တကယ်လို့ တန်ဟက်အနေနဲ့ ယူနိုက်တက်မှာ ဆက်လက်ကျန်ရှိနေမယ်ဆိုရင် တိုက်စစ်မှူး ၁ ဦး၊ ဗဟိုနောက်ခံလူ ၁ ဦးနဲ့ ကွင်းလယ်ကစားသမား ၁ ဦးတို့ကို လာမယ့်နွေရာသီမှာခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ ယခုအခါမှာ အာဆင်နယ်ရဲ့ ကြံ့ခိုင်ရေးနည်းပြ ဂျော်ဒန်ရီစီကလည်း ယူနိုက်တက်သို့ ပြောင်းရွှေ့ဖို့အလားအလာရှိနေပြီး ထိပ်တန်းအဆင့်မှာ ပြန်လည်ယှဉ်ပြိုင်နိုင်ဖို့ အကူအညီပေးနိုင်ဖွယ်ရှိနေပါတယ်။
ဆက်လက်ပြီး တန်ဟက်က “ထိပ်ဆုံး ၄ သင်း စာရင်းဝင်ဖို့ဆိုရင် ကိုယ်လိုချင်တဲ့ကစားသမား ၁၁ ယောက်စလုံးကို အသုံးပြုနိုင်မှဖြစ်ပါမယ်။ ဒါက အမှန်တရားပါ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ကျွန်တော်တို့ တိုက်စစ်မှူး ၁ ယောက်၊ ရှေ့ကို ဘောလုံးဖြန့်ဝေနိုင်တဲ့ ဂိုးသမား ၁ ယောက်နဲ့ အရန်ကွင်းလယ်လူ ၁ ယောက်ခေါ်ယူခဲ့ပါတယ်။ ဒါက သီအိုရိအရ ချဉ်းကပ်မှုတစ်ခုဖြစ်ပြီး အသင်းအနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ပိုမိုအားကောင်းလာခဲ့ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။