The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်ကိုသရေကျပြီးနောက် ချန်ပီယံလိဂ်က နှောက်ယှက်နေတယ်ဆိုတဲ့အပေါ် မာရက်စ်ကာ တုံ့ပြန်

စနေနေ့ညက ဘရန့်ဖို့ဒ်ကိုသရေကျခဲ့ပြီးနောက် ချန်ပီယံလိဂ်ကနှောက်ယှက်နေတယ်ဆိုတဲ့အပေါ် ချဲလ်ဆီးနည်းပြ မာရက်စ်ကာက တုံ့ပြန်လိုက်ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ချဲလ်ဆီးအသင်းဆီကနေ အဖိုးတန်သရေတစ်မှတ်ကို နောက်ကျဂိုးနဲ့ ယူနိုင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးက လာမယ့်ကြားရက်မှာ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပွဲကန်ရမှာဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်က ပွဲကစားချိန် ၃၅ မိနစ်မှာ ကီဗင်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ဂိုးရယူနိုင်ခဲ့ပေမယ့် ချဲလ်ဆီးအတွက် ချေပဂိုးကို ကိုးလ်ပယ်လ်မာက သွင်းယူပေးခဲ့ပါတယ်။အဲ့နောက် ကိုင်စီဒိုက အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ဘရန့်ဖို့ဒ်အတွက် အဖိုးတန်ချေပဂိုးကို ကာလ်ဗယ်ဟိုက သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်ကိုအနိုင်ရခဲ့တဲ့ပွဲက လူစာရင်းကိုအပြောင်းအလဲလုပ်ခဲ့တာကြောင့် အခုပွဲသရေကျခဲ့တာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း မာရက်စ်ကာက အဆိုပါဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ “နိုးနိုး။ လုံးဝမဟုတ်ပါဘူး။ ဂျာအိုကပွဲမတိုင်ခင် ကျွန်တော့်ကိုမေးခဲ့သလို သူ ၁၀၀% ကြံ့ခိုင်မှုမပြည့်ဝဘူးလို့ ပြောခဲ့ပါတယ်။ အဲ့တာကြောင့် သူ့ကိုပေးမကစားခဲ့တာပါ။

ပြီးတော့ ကျွန်တော်ဘိုင်ယန်အကြောင်းတွေဖြစ်တယ်ဆိုရင် ဂျာအိုကိုအရန်ခုံမှာပဲထားမှာပါ။ ဒါပေမယ့် ဂျာအိုကဝင်ကစားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ညပွဲကို အာရုံစိုက်တာကြောင့်ပါ။ ဒါပေမယ့် သေချာတာက ခင်ဗျားအနေနဲ့ ပွဲအများကြီးရှိချိန်မှာ မတူညီတဲ့အစီအစဉ်တွေရှိရပါမယ်။ ရိစ်ကိုပဲကြည့်ပါ။ သူဆိုရင် နိုင်ငံပွဲ ၂ ပွဲကစားခဲ့သလို ဒီနေ့ညမှာလည်း ပါဝင်ခဲ့ကာ လာမယ့်ဗုဒ္ဓဟူးနေ့ပွဲကိုလည်း ပါဝင်ဦးမှာပါ။

ကျွန်တော်တို့ဒီနေ့ညပွဲကို အာရုံစိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ချန်ပီယံလိဂ်ကစားရရင်တောင် ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံးလုပ်ဆောင်မှာပါ။ လာမယ့်ရာသီချန်ပီယံလိဂ်ဆက်ကစားချင်တယ်ဆိုရင် ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ လာမယ့်ကြားရက်မှာ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပွဲကန်ရမှာဖြစ်ပြီး အဲ့နောက် စက်တင်ဘာ ၂၀ ရက်နေ့မှာ ယူနိုက်တက်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။