The network connection is lost.
လီဗာပူးကွင်းလယ်လူ ဝါတာရုအန်ဒိုဟာ ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ဒဏ်ရာ ရခဲ့ပြီး ပွဲအပြီးမှာ ချိုင်းထောက်ကို အသုံးပြုနေရကြောင်း မြင်တွေ့ခဲ့ရတာကြောင့် လီဗာပူးရဲ့ ဒဏ်ရာရလူစာရင်းကို ပိုမိုကြီးထွားလာစေခဲ့ပါတယ်။
ရိုင်ယန်ဂရာဗန်ဘက်ချ်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိစေခဲ့တဲ့ ကိုင်စီဒိုကို ဒေါသပုန်ထနေကြတဲ့ လီဗာပူးပရိသတ်တွေ အနေနဲ့ ယခု အန်ဒိုရဲ့ ခြေကျင်းဝတ် ဒဏ်ရာအကြောင်းကိုသာ ထပ်မံသိရှိခဲ့ကြရင်တော့ နောက်ထပ်တစ်ကြိမ် သွေးဆူလာကြဦးမှာဖြစ်ပါတယ်။ သတင်းတွေအရ ဂျပန်လက်ရွေးစင်ကစားသမားဟာ ဒဏ်ရာပြင်းထန်တာကြောင့် အချိန်ကာလအနည်းငယ်တော့ အနားယူရနိုင်ချေရှိတယ်လို့သိရပါတယ်။
ယခု ချဲလ်ဆီးနဲ့ပွဲစဉ်မတိုင်ခင် လီဗာပူးဟာ အာနိုးလ်(ဒူး)၊ အလီဆင်(ပေါင်)၊ ဂျိုတာ(ဒူး)၊ နူနက်ဇ်(ဒူး)၊ နဲ့ မိုဟာမက်ဆာလက်(ပေါင်) တို့ကို လက်လွှတ်ထားခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဂရာဗန်ဘက်ချ်နဲ့ အန်ဒိုတို့ပါ ထပ်မံဒဏ်ရာ ရရှိသွားတာကြောင့် လာမယ့်ပွဲစဉ်တွေမှာ လီဗာပူးအနေနဲ့ ရုန်းကန်သွားရဖို့ရှိနေပါတယ်။
သို့သော်လည်း ကလော့ပ်အနေနဲ့ အသင်းရဲ့လူငယ်ကစားသမားတွေကို အားကိုးနိုင်လောက်တဲ့အထိ ပျိုးထောင်နိုင်မယ်ဆိုရင်တော့ လက်ရှိအခြေအနေကို ကြံ့ကြံ့ခံရင်ဆိုင်သွားနိုင်ချေရှိပါတယ်။ ယခုဆွတ်ခူးခဲ့တဲ့ ကာရာဘောင်ဖလားဟာ လီဗာပူးအတွက် ၁၀ ကြိမ်မြောက် ဆုဖလားဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးဟာ ကာရာဘောင်ဖလားမှာ ဒုတိယမြောက်အအောင်မြင်ဆုံး ဖြစ်တဲ့ မန်စီးတီး(၈ ကြိမ်) ကို ဆုဖလား ၂ လုံးအထိဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။
ယခုအခါမှာတော့ လီဗာပူးအနေနဲ့ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားတဲ့ အန်ဒိုရဲ့ အခြေအနေကို ဆေးစစ်မှုတွေပြုလုပ်သွားမှာဖြစ်ပြီး အမြန်ဆုံးပြန်လည်ကစားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ လီဗာပူးဟာ နောက်ထပ်ဖလား ၃ လုံးအထိ ထပ်မံဆွတ်ခူးနိုင်ဖို့ အလားအလာရှိနေတာကြောင့် ကစားသမားတွေကို တတ်နိုင်သလောက် ထည့်သွင်းအသုံးပြုနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။