The network connection is lost.

Banner Image

ဘရာဇီးအသင်းရဲ့သမိုင်းမှာ အဆိုးဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲရလဒ်နဲ့ပတ်သက်ပြီး တုံ့ပြန်လိုက်တဲ့ အန်ဆယ်လော့တီ

နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ ဘရာဇီးအသင်းဟာ အယ်လ် အယ်လ်တိုမှာ ဘိုလီးဗီးယားကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ဘိုလီးဗီးယားကတော့ လာမယ့်နှစ် ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကစားခွင့် ရရှိသွားခဲ့ပါတယ်။

ဒါကတော့ ခြေစစ်ပွဲတွေအတွင်း ဘရာဇီးရဲ့ ၆ ပွဲမြောက် ရှုံးပွဲဖြစ်ခဲ့ပြီး၊ သူတို့ကတော့ ၈ ပွဲနိုင်၊ ၄ ပွဲ သရေကျခဲ့ပါတယ်။ ဒီရလဒ်ကြောင့် နည်းပြ အန်ဆယ်လော့တီရဲ့အသင်းဟာ တောင်အမေရိက ကမ္ဘာ့ဖလားခြေစစ်ပွဲ အမှတ်ပေးဇယားမှာ အာဂျင်တီးနား၊ အီကွေဒေါ၊ ကိုလံဘီယာနဲ့ ဥရုဂွေးတို့နောက်မှာ ပဉ္စမနေရာနဲ့ ရပ်တည်ခဲ့ပါတယ်။

ထိပ်ဆုံးက အာဂျင်တီးနားနဲ့ ဘရာဇီးတို့အကြား ရမှတ် ၁၀ မှတ် ကွာဟနေပါတယ်။ ဒါပေမဲ့ အခြားသော အသင်းတွေနဲ့ ကွာဟမှုကတော့ နည်းပါးခဲ့ပါတယ်။ အီကွေဒေါကတော့ ၂၉ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး ကိုလံဘီယာ၊ ဥရုဂွေး၊ ဘရာဇီးနဲ့ ပါရာဂွေးတို့ကတော့ ၂၈ မှတ်နဲ့ ရပ်တည်ခဲ့ပြီး ဂိုးကွာခြားချက်နဲ့ သွင်းဂိုးအရေအတွက်တွေကသာ သူတို့ကို ခွဲခြားခဲ့ပါတယ်။

ခြေစစ်ပွဲကနေ ထွက်ခဲ့ရတဲ့ ဗင်နီဇွဲလား၊ ပီရူးနဲ့ စိတ်ပျက်စရာကောင်းတဲ့ ချီလီတို့ကတော့ ခြေစစ်ပွဲဇယားရဲ့ အောက်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ပြောင်းလဲခဲ့တဲ့ လက်ရှိ တောင်အမေရိက ကမ္ဘာ့ဖလားခြေစစ်ပွဲစနစ်ရဲ့ အသင်း ၁၀ သင်းပါဝင်တဲ့အုပ်စုမှာ ဘရာဇီးဟာ ပဉ္စမနေရာအထိ နိမ့်ကျသွားခြင်း မရှိခဲ့ပါဘူး။ သူတို့ရဲ့ အရင်က အဆိုးရွားဆုံးအခြေအနေက ၂၀၀၂ ခုနှစ်တုန်းက တတိယနေရာ ဖြစ်ခဲ့ပြီး၊ ပါဝင်ခဲ့တဲ့ ခြေစစ်ပွဲ ၄ ကြိမ်ဆက်တိုက်မှာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။

ပဉ္စမနေရာနဲ့ ရပ်တည်ခဲ့တာကတော့ သူတို့ရဲ့ အနိမ့်ဆုံးအခြေအနေဖြစ်ခဲ့ပြီး၊ ၂၈ မှတ်ရရှိခဲ့တာကတော့ ရမှတ်အနည်းဆုံး ရာသီဖြစ်ခဲ့ပါတယ်။ နည်းပြ အန်ဆယ်လော့တီကတော့ မေလမှာ အသင်းကို တာဝန်ယူခဲ့တာဖြစ်ပြီး ၄ ပွဲမှာ ၂ ပွဲနိုင်၊ အီကွေဒေါနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ဘိုလီးဗီးယားကို ရှုံးနိမ့်ခဲ့ပါတယ်။

အင်္ဂါနေ့ညကပွဲစဉ်ကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၃,၀၀၀ ကျော်မြင့်တဲ့ နာမည်ကျော် အယ်လ် အယ်လ်တိုကွင်းမှာ ကစားခဲ့ရပါတယ်။ နည်းပြ အန်ဆယ်လော့တီက မြင့်မားတဲ့နေရာမှာ ကစားရတဲ့ အခက်အခဲတွေကို အသိအမှတ်ပြုခဲ့ပါတယ်။

‘ဒီနေ့ပွဲကတော့ နည်းစနစ်ပိုင်းအရရော၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာအရရော ခက်ခဲတဲ့ပွဲတစ်ပွဲပါပဲ။ အရာရာတိုင်းမှာ အထူးပွဲတစ်ပွဲပါ။ ထူးခြားတဲ့ပွဲတစ်ပွဲပါ။ လာမယ့်ပွဲစဉ်တွေအတွက် ကောင်းကောင်းပြင်ဆင်ပြီး ကမ္ဘာ့ဖလားကို ကောင်းမွန်တဲ့ပုံစံနဲ့ သွားပါလိမ့်မယ်’ လို့ နည်းပြက ပြောကြားခဲ့ပါတယ်။

နည်းပြက ‘ကမ္ဘာ့ဖလားအတွက် မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်’လို့လည်း ထပ်ပြောခဲ့ပါတယ်။ အင်္ဂါနေ့က နည်းပြ အန်ဆယ်လော့တီရဲ့ ဘရာဇီးအသင်းမှာ ပရီးမီးယားလိဂ်က ကစားသမားတွေဖြစ်တဲ့ အလီဆင် ဘက်ကာ၊ အန်ဒရေး ဆန်းတို့စ်၊ လူကပ်စ် ပက်ကွီတာ၊ ဘရူနို ဂီမာရက်စ်နဲ့ ရီချာလီဆန်တို့ ပွဲထွက်ကစားခဲ့ပါတယ်။ ချဲလ်ဆီးအတွဲဖြစ်တဲ့ ဂျာအို ပက်ဒရိုနဲ့ အက်စ်တီဗာအိုတို့က လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး နည်းပြ အန်ဆယ်လော့တီကတော့ သူ့ရဲ့ကစားသမားတွေကို သင်ယူဖို့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

‘ဒီအုပ်စုထဲက ကစားသမားတွေအားလုံးဟာ ဒီတစ်ပတ်လုံး ကောင်းမွန်စွာ အလုပ်လုပ်ခဲ့တာကြောင့် အခွင့်အရေးသစ်တွေ ရရှိပါလိမ့်မယ်။ ကစားသမားတချို့အကြောင်း သိရှိဖို့ ဒီပွဲစဉ်ကို အသုံးပြုချင်ခဲ့ပါတယ်’ လို့ နည်းပြက ပြောကြားခဲ့ပါတယ်။