The network connection is lost.

Banner Image

ပင်ပန်းနေတဲ့ အမ်ဘာပေက လူစားလဲဖို့ တောင်းဆိုခဲ့ပါတယ်လို့ ပြောလာတဲ့ ဒက်စ်ချမ့်

ပြင်သစ်အသင်းခေါင်းဆောင် တိုက်စစ်မှူးအမ်ဘာပေဟာ မနေ့ည ပေါ်တူဂီနဲ့ပွဲမှာ ပင်ပန်းနေတဲ့အတွက် လူစားလဲဖို့ တောင်းဆိုခဲ့တာဖြစ်ကြောင်း နည်းပြဒက်စ်ချမ့်က ဖွင့်ဟခဲ့ပါတယ်။

အမ်ဘာပေဟာ ယခုနှစ် ယူရိုပြိုင်ပွဲအတွင်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး ပင်နယ်တီကနေသာ သွင်းဂိုးတစ်ဂိုးရယူထားနိုင်ခဲ့ပါတယ်။ ပေါ်တူဂီနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း အမ်ဘာပေဟာ မျက်နှာဖုံးချွတ်ပြီး ကစားခဲ့သလို အချိန်ပိုမှာ လူစားလဲခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူမှုကို လွဲချော်ခဲ့ပါတယ်။

ဒက်စ်ချမ့်က "ဟုတ်ပါတယ်။ သူက ကျွန်တော်နဲ့ အသင်းအပေါ် အလွန်ပွင့်လင်းရိုးသားပါတယ်။ သူ့မှာ ဆက်ပြေးနိုင်စွမ်းမရှိတော့သလို အကောင်းဆုံးပုံစံလည်း မရတော့ဘဲ အရမ်းပင်ပန်းနေခဲ့ပါတယ်။ အချိန်ပို ပထမပိုင်းမှာ သူ ရုန်းကန်နေရတာကို ကျွန်တော်တွေ့ခဲ့ပါတယ်။ သူ့ကို ဆက်ထားဖို့ အဓိပ္ပါယ်မရှိတော့ပါဘူး။ အမ်ဘာပေက ကျွန်တော်နဲ့ အသင်းအတွက် ပွင့်လင်းတတ်သူ ဖြစ်တာကြောင့် သူ့ကို ကစားမားသစ်တစ်ဦးနဲ့လဲလိုက်တာ ပုံမှန်ပါပဲ"လို့ ပြောခဲ့ပါတယ်။

အမ်ဘာပေမပါဝင်တော့တဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ ပြင်သစ်အသင်းက ပင်နယ်တီငါးကြိမ်စလုံးကို ဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး ပေါ်တူဂီကို ၅-၃ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်ထံ တက်လှမ်းသွားခဲ့ပါတယ်။