
မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် Giant-Killers ပလိုင်းမောက်နဲ့အတူ အက်ဖ်အေဖလားပဉ္စမအဆင့်မဲခွဲမှုရလဒ်များ
အက်ဖ်အေဖလားပြိုင်ပွဲမှာ အန်းစလော့ရဲ့လီဗာပူးအသင်းကို ကန်ထုတ်ပစ်နိုင်ခဲ့တဲ့ ပလိုင်းမောက်က နောက်တစ်ဆင့်မှာလည်း ပရီးမီးယားလိဂ်အင်အားကြီးမန်စီးတီးနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရပါမယ်။
လွန်ခဲ့တဲ့တနင်္ဂနွေနေ့၊ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အတွင်း လီဗာပူးကို ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ရှော့ခ်ရစရာအကောင်းဆုံးဖြစ်ရပ်ကို ပလိုင်းမောက်တို့ ဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့တွေက ပက်ဂွါဒီယိုလာရဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမယ်လို့ မဲခွဲဆုံးဖြတ်ပြီးနောက် အက်ဖ်အေဖလားပဉ္စမအဆင့်မှာလည်း နောက်ထပ်ပရီးမီးယားလိဂ်အင်အားကြီးကလပ်အသင်းနဲ့ ထပ်ပြီးရင်ဆိုင်သွားရပါလိမ့်မယ်။တဖက်မှာလည်း လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်က ဖူလ်ဟမ်၊ နယူးကာဆယ်က ဘရိုက်တန်နဲ့ ရင်ဆိုင်သွားရပါမယ်။
မဲခွဲမှုရလဒ်များ
ပရက်စတန် vs ဘန်လေ
အက်စတွန်ဗီလာ vs ကာဒစ်ဖ်
ဒွန်ကတ်စတာ or ခရစ္စတယ်ပဲလေ့စ် vs မီဝေါ
မန်ချက်စတာယူနိုက်တက် vs ဖူလ်ဟမ်
ဘုန်းမောက် vs ဝုဗ်
နယူးကာဆယ် vs ဘရိုက်တန်
မန်စီးတီး vs ပလိုင်းမောက်
အိတ်စတာစီးတီး or နော်တင်ဟမ်ဖောရက်စ် vs အစ်ဆွစ်တောင်း
ပလိုင်းမောက်က လီဗာပူးကို အိမ်ကွင်းမှာ အနိုင်မယူခင် ပရီးမီယားလိဂ်ကလပ် ဘရန်ဖို့ဒ်ကိုလည်း ကျော်ဖြတ်ပြခဲ့လို့ အခုနှစ်၊ အက်ဖ်အေဖလားပြိုင်ပွဲအတွက် Gaint-Killers ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့သက်တမ်းအရင့်ဆုံးပြိုင်ပွဲတစ်ရပ်ရဲ့မှော်ဆန်မှုကို မေးခွန်းထုတ်နေချိန်ကာလမှာပဲ ပလိုင်းမောက်အနေဖြင့် အခုပြိုင်ပွဲမှာ ဘယ်လောက်အထိ ခရီးဆက်နိုင်မလဲဆိုတာ ပြသလိုနေပြီး မန်စီးတီးကိုရော ကျော်ဖြတ်နိုင်ဦးမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။