The network connection is lost.

Banner Image

အေစီမီလန်တွင်သာ ဆက်လက်နေထိုင်ရန် ရှိနေတဲ့ ဂျာအိုဖီးလစ်

အငှားခေါ်ယူထားတဲ့ ဂျာအိုဖီးလစ်ကိုခေါ်ယူရန် ငွေကြေးရရှိဖို့အတွက် အေစီမီလန်ဟာ ရာဖေးလီယာအိုကို ဘာစီလိုနာသို့‌ ရောင်းချရန် အဆင်သင့်ဖြစ်နေပါပြီ။ ဖီးလစ်ဟာ ဇန်နဝါရီလတွင် ချဲလ်ဆီးမှ စီးရီးအေကလပ်သို့ အငှားဖြင့်ရောက်လာတာဖြစ်ပြီး ကောင်းမွန်စွာ စတင်ထားနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ကလပ်ဟာ သူ့ကို အပြီးသတ်ခေါ်ယူရန် စဉ်းစားနေကြောင်း La Gazzetta dello Sport က ဖော်ပြထားပါတယ်။

 သို့သော်လည်း ထိုအပြောင်းအရွှေ့အတွက် ငွေကြေးများစွာ လိုအပ်မည်ဖြစ်ပြီး လီယာအိုကို ရောင်းချရန် လိုအပ်နိုင်တာဖြစ်ပါတယ်။ ထိုသို့မဟုတ်ပါက ရိုဆိုနာရီဟာ လာမယ့်နှစ်တွင် စာချုပ်ကုန်ဆုံးတော့မယ့် သီယို ဟာနန်ဒက်ဇ် ကို နွေရာသီတွင် ရောင်းချရန် စဉ်းစားနိုင်ပါတယ်။

ဖီးလစ်နှင့် အေစီမီလန်မန်နေဂျာ ကွန်ဆီကာအိုတို့ဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ကို အဆင်ပြေအောင်ကြိုးစားပေးခဲ့တဲ့ ဂျော့ခ်ျ မန်ဒက်စ်ကို အေးဂျင့်အဖြစ် ခန့်အပ်ထားသူများဖြစ်ပါတယ်။ တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ကိုပါအီတလီယာ နောက်ဆုံး ၈အသင်းအဆင့် ရိုးမားအား အနိုင်ရခဲ့တဲ့ ပွဲစဉ်တွင် ၁ ဂိုးသွင်းကာ ကလပ်ပရိသတ်များကို အထင်ကြီးစေခဲ့ပြီး ကမ္ဘာ့အဆင့်မီ တိုက်စစ်ကစားသမားတွေကို ကစားခွင့်ပေးတဲ့ကလပ်ရဲ့ ရိုးရာကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

လီယာအိုက ယခုရာသီတွင် စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး ပွဲစဉ် ၃၄ ပွဲကစားထားပေမယ့် ၉ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒါကြောင့် နွေရာသီတွင် အပြောင်းအရွှေ့ ဖြစ်နိုင်ခြေရှိနေပါတယ်။တိုက်စစ်မှူးဟာ ဇန်နဝါရီလတွင် ဆော်ဒီသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့သော်လည်း ဘာစီလိုနာ သို့မဟုတ် အခြားထိပ်တန်းကလပ်များက နွေရာသီတွင် ပြန်လည်ကမ်းလှမ်းပါက ပြန်လည် စဉ်းစားနိုင်ပါတယ်။ ဆန်ဆီရိုရှိ သူ့ရဲ့စာချုပ်က ၂၀၂၈ ခုနှစ်အထိ ရှိနေပါတယ်။

ဖီးလစ်နှင့် လီယာအိုတို့ဟာ ယခုမှစ၍ ရာသီကုန်အထိ မီလန်အတွက် ပူးပေါင်းကစားရန် မျှော်လင့်နေကြသော်လည်း သူတို့သည် ယခုအချိန်ထိ အတူတကွ စတင်ပွဲထွက်ကစားခဲ့သည်မှာ ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဖီယင်နုအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲမှာသာ ဖြစ်ပါတယ်။ အင်္ဂါနေ့ အိမ်ကွင်းပွဲစဉ်တွင် အဆိုပါရလဒ်ကို ပြန်လည်ပြင်ဆင်ရန်မှာ ချက်ချင်းဦးစားပေးဖြစ်ပြီး စီးရီးအေအမှတ်ပေးဇယားမှတဆင့် ဥရောပဝင်ခွင့်ရရှိဖို့က နောက်ထပ်ရည်မှန်းချက်ဖြစ်ပါတယ်။