
နာမည်ကျော်စတား ၂ ဦးကို စိတ်မဝင်စားကြောင်း ဒေကို အတည်ပြု
ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုက မိမိတို့အနေနဲ့ ကင်မစ်ချ် ဒါမှမဟုတ် ဗန်ဒိုက်ကို ဒီနွေမှာခေါ်ယူဖို့ စိတ်မဝင်စားကြောင်း ပြောကြားလိုက်ပါတယ်။ ဒါရီယိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ အဆိုပါကစားသမား ၂ ဦးစလုံးဟာ သက်ဆိုင်ရာအသင်းတွေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် ဘာစီလိုနာက ကမ်းလှမ်းနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒေကိုက အခုချိန်မှာ အဆိုပါသတင်းတွေကို ပယ်ချခဲ့ပါတယ်။ ဘာစီလိုနာဟာ ကင်မစ်ချ်ကို ကာလရှည်ချိတ်ဆက်ခဲ့ပေမယ့် ဒေကိုက မိမိတို့မှာ ကာဆာဒို ၊ ဘာနယ် ၊ ဂါဗီ ၊ ပီဒရီ နဲ့ ဒီဂျောင်တို့ရှိနေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် နောက်တန်းနေရာမှာလည်း ကာဘာဆီ ၊ အာရူဂျို ၊ မာတီနက်ဇ် ၊ ဂါစီယာ ၊ ခရစ္စတီယန်ဆန်တို့ရှိနေတာလို့ တုံ့ပြန်ခဲ့ပြီး ဗန်ဒိုက်ကိုခေါ်ယူမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒေကိုဘက်က အသက်အရွယ်ကို ကြည့်နေတာဖြစ်ပြီး ကင်မစ်ချ်က ၃၀ ပြည့်ခဲ့ပြီဖြစ်သလို ဗန်ဒိုက်ကလည်း အခုနွေမှာ အသက် ၃၄ နှစ်ပြည့်မှာဖြစ်ပါတယ်။ ၂ ဦးစလုံးက သက်ဆိုင်ရာအသင်းတွေမှာ ဆက်နေဖို့လည်း ရှိနိုင်တာဖြစ်ပြီး ဘိုင်ယန်အားကစားဒါရိုက်တာ ခရစ္စတိုဖာကတော့ ကင်မစ်ချ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေတာ တိုးတက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အခြားတစ်ဖက်မှာလည်း ဗန်ဒိုက်က လီဗာပူးအသင်းမှာ ဆက်နေနိုင်ချေများနေပါတယ်။