The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ ချဲလ်ဆီးစတား

ချဲလ်ဆီးအသင်းကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်တစ်ယောက် ပီအက်စ်ဂျီကိုအနိုင်ရခဲ့တဲ့ပွဲရဲ့ဒုတိယပိုင်းမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒုတိယပိုင်းမှာ ဖာနန်ဒက်ဇ်တစ်ယောက် တံကောက်ကြောဒဏ်ရာရရှိခဲ့ဟန်ရှိခဲ့တာဖြစ်ပြီး မာရက်စ်ကာက အရဲမစွန့်ပဲ အန်ဒရီဆန်းတို့စ်နဲ့ လူစားလဲခဲ့ပါတယ်။

အာဂျင်တိုင်းသားရဲ့အခြေအနေကို လက်ရှိအချိန်အထိတော့ မသိရသေးတာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပီအက်စ်ဂျီကို ကိုးလ်ပယ်လ်မာ ၊ ဂျာအိုပက်ဒရိုတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲသိမ်းခရာမှုတ်ချိန်မှာ အန်ဇိုတစ်ယောက်ကွင်းဘေးကနေ အသင်းဖော်တွေကို အားပေးခဲ့ပါတယ်။ ဖာနန်ဒက်ဇ်ဒဏ်ရာအခြေအနေဟာ ပထမပိုင်းမှာ ပီအက်စ်ဂျီစတား ဟာကီမီနဲ့ထိခိုက်မိခဲ့တာဖြစ်ပါတယ်။

ကလပ်ကမ္ဘာ့ဖလားအပြီးမှာ ချဲလ်ဆီးအနေနဲ့ ရာသီကြိုခရီးစဉ်ဆက်မှာဖြစ်ပြီး လာမယ့်သြဂုတ်လ ၁၇ ရက်နေ့မှာတော့ ချဲလ်ဆီးက ပဲလေ့စ်အသင်းနဲ့အဖွင့်ပွဲကန်ရမှာဖြစ်ပါတယ်။