ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါက စည်းမျဉ်းအပြောင်းအလဲကြောင့် ကစားသမား ၃ဦးကို ရောင်းချရဖွယ်ရှိနေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းသည် တနင်္ဂနွေနေ့တွင် ကာရာဘောင်ဖလားဗိုလ်လုပွဲအဖြစ် လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပိုချက်တီနိုကတော့ ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံးဆုဖလားရရှိရန် ကြိုးပမ်းနေတာဖြစ်ပါတယ်။
တော့ဘိုလေတို့အဖွဲ့က ၂၀၂၂ ခုနှစ် မေလတွင် ကလပ်ကို လွှဲပြောင်းယူခဲ့ပြီးကတည်းက ချဲလ်ဆီးဟာ ကစားသမားသစ်များ အတွက် ပေါင် ၁ ဘီလီယံကျော် အသုံးပြုခဲ့ပြီး ဆုဖလားများ ရယူရန် ဖိအားများ ရှိနေပါတယ်။ ချဲလ်ဆီးဟာ ကာရာဘောင်ဖလားတွင် ၁၀ ကြိမ်မြောက် အောင်ပွဲရရှိပြီး စံချိန်သစ်တစ်ခုရယူရန် ကြိုးပမ်းနေချိန်တွင် လက်ရှိရာသီ ဆုဖလား ၄ လုံး လမ်းကြောင်းပေါ်ရှိနေတဲ့ ကလော့ပ်ရဲ့ လီဗာပူးနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဘွတ်ကင်ဒိုင်တွေကို ဆန့်ကျင်ပြီး အနိုင်ရရှိခဲ့ယူပါက အသင်းရဲ့ အကယ်ဒမီလူငယ် ၃ ဦးကို ရောင်းထုတ်ဖို့ ရှိသွားမှာဖြစ်ပါတယ်။ အကယ်၍ ချဲလ်ဆီးဟာ တနင်္ဂနွေနေ့တွင် အနိုင်ရရှိခဲ့ပါက လာမယ့်ရာသီ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီမှာဖြစ်ကာ ၂၀၂၂ ခုနှစ်တွင် FFP ကို အစားထိုးထားတဲ့ ယူအီးအက်ဖ်အေရဲ့ ကလပ်လိုင်စင်နှင့် ငွေကြေးတည်တံ့မှုဆိုင်ရာ စည်းမျဉ်းများ (FSR) ကို လိုက်နာရမှာဖြစ်ပါတယ်။
အဆိုပါစည်းမျဉ်းတွေအရ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုစည်းမျဉ်းများ (PSR) ထက် သိသိသာသာပိုမိုတင်းကျပ်မှာဖြစ်ပါတယ်။ ဥရောပရှိ ကလပ်အသင်းတွေဟာ ၂၀၂၂-၂၃ နှင့် ၂၀၂၃-၂၄ ရာသီတွေကို လွှမ်းခြုံမယ့် ၂၀၂၄-၂၅ ရာသီ စောင့်ကြည့်ကာလအတွက် ပေါင် ၆၈.၅ သန်းအထိ အရှုံးပေါ်ခွင့်ရှိပါတယ်။
ဆိုလိုသည်မှာ လွန်ခဲ့တဲ့ ၃ နှစ်ကထက် ပေါင် ၆၈.၅ သန်း အရှုံးပေါ်၍ရနိုင်ပြီး ဥရောပပြိုင်ပွဲဝင်ခွင့်ရပါက လာမယ့်ရာသီတွင် ချဲလ်ဆီးအတွက် အဓိကကျတဲ့ ဆုံးရှုံးရမယ့်အဆင့် ဖြစ်လာမှာဖြစ်ပါတယ်။ ၎င်းကန့်သတ်ချက်တွေကြောင့် ချဲလ်ဆီးဟာ အမြတ်အစွန်းရရှိစေဖို့ အသင်းရဲ့လူစာရင်းမှ အကယ်ဒမီထွက် ကစားသမား ၃ ဦးကို ရောင်းချရန် ဖိအားပေးခံရနိုင်ပါတယ်။
ကစားသမား ရောင်းချမှုကနေ ရန်ပုံငွေ ပြန်လည်ရှာလိုနေတာကြောင့် ချဲလ်ဆီးဟာ ဇန်န၀ါရီလတွင် ဘရိုဂျာကိုရောင်းချဖို့ စိတ်အားထက်သန်နေပါတယ်လို့ Athletic ကဖော်ပြထားပါတယ်။ စာချုပ်သစ်တွင် ပေါင် ၃၅ သန်းတန် စာချုပ်ဖျက်သိမ်းခရှိနေတဲ့ အိုင်မက်ဆန်ဟာ နွေရာသီမှာ ရောင်းချဖွယ်ရှိတဲ့ နောက်ထပ် ကစားသမားတစ်ဦးဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူနိုင်ခြင်းမရှိပါက ဂယ်လာဂါကလည်း ရာသီကုန်မှာ ထွက်ခွာဖွယ်ရှိနေပါတယ်။