
ကိုမိုအသင်းထံကနေထွက်ခွာတော့မယ့် နည်းပြ ဖာဘရီဂတ်စ်
ကလော့ပ်နဲ့တွေ့ဆုံခဲ့ပြီးနောက် ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်တစ်ယောက် လိုက်ပ်ဇစ်အသင်းထံပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ၂၀၂၄ - ၂၅ ရာသီမှာ ကိုမိုအသင်းနဲ့အတူ အောင်မြင်ခဲ့ပြီးနောက် ဖာဘရီဂတ်စ်ကို ဥရောပအသင်းတော်တော်များများက မျက်စိကျလာခဲ့တာဖြစ်ပါတယ်။
အဲ့ထဲမှာ လိုက်ပ်ဇစ်အသင်းကလည်း နည်းပြအသစ်ခန့်အပ်ဖို့ ပါဝင်နေတာဖြစ်ပါတယ်။ စကိုင်းဂျာမနီသတင်းတွေအရ ဖာဘရီဂတ်စ်ဟာ ရက်ဘူးလ်အမှုဆောင် ကလော့ပ်နဲ့တွေ့ဆုံခဲ့ပြီးနောက် အခုနွေမှာ လိုက်ပ်ဇစ်အသင်းထံပြောင်းရွှေ့ဖို့ နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း စပိန်သားအနေနဲ့ ကိုမိုအသင်းဘက်က လာကမ်းလှမ်းသမျှတိုင်းကို ပယ်ချနေတာကြောင့် ခက်ခဲဖွယ်တော့ရှိနေပါတယ်။
ဖာဘရီဂတ်စ်ကို လေဗာကူဆင်အသင်းကလည်း အလွန်ဆိုနေရာအတွက် ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး အခုချိန်မှာတော့ ယူနိုက်တက်နည်းပြဟောင်း တန်ဟက်ကို ခန့်အပ်ခဲ့ပြီဖြစ်ပါတယ်။ အခုနွေရာသီမှာ ဖာဘရီဂတ်စ်အနေနဲ့ ဘာစီလိုနာကိုပြန်ရဖွယ်ရှိနေပြီး ကိုမိုအသင်းဟာ ဂမ်ပါဖလားအတွက် ဖိတ်ခေါ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။