
ချဲလ်ဆီးစတားကိုခေါ်ယူနိုင်ခဲ့ရာမှာ အဓိကနေရာတွေကနေ ပါဝင်ခဲ့တဲ့ အာဆင်နယ်စတား ၂ ဦး
အာဆင်နယ်စတား ၂ ဦးဖြစ်တဲ့ ဒီကလန်ရိုက်စ် နဲ့ ဆာကာတို့ဟာ အသင်းဖော်သစ် မာဒူကီကို ချဲလ်ဆီးထံကနေခေါ်ယူနိုင်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ကြပါတယ်။
တယ်လီဂရက်ဖ်သတင်းထောက် ဆမ်ဒင်းရဲ့အဆိုအရ မာဒူကီကိုမခေါ်ယူခင်မှာ အာတီတာ နဲ့ ဆာကာ ၊ ရိုက်စ်တို့ဟာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး စကားပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ ဆာကာ နဲ့ ရိုက်စ်တို့က အသက် ၂၃ နှစ်သားဟာ အသင်းအတွက် အကျိုးပြုနိုင်မယ့်သူအဖြစ် ထောက်ခံခဲ့တယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ မာဒူကီကို ကနဦးချိတ်ဆက်ချိန်မှာ အသင်းပရိသတ်တွေက အွန်လိုင်းကနေ ဝေဖန်ခဲ့ကြပေမယ့် ကစားသမားဘက်ကတော့ သူဘယ်လောက်ကောင်းလဲဆိုတာကို သက်သေပြသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ မာဒူကီဟာ ဆာကာရဲ့အရန်အဖြစ် ပါဝင်ကစားမှာဖြစ်ပြီး လိုအပ်လာရင် ဘယ်ခြမ်းမှာပါ ကစားသွားမှာဖြစ်ပါတယ်။
သောကြာနေ့က အာဆင်နယ်အင်စတာဂရမ်မှာတင်ခဲ့တဲ့ဗီဒီယိုအတွင်း သူရောက်လာတာကို ဆာကာ ၊ ရိုက်စ် ၊ စကယ်လီ နဲ့ တင်းဘားတို့က ကြိုဆိုခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
အပြောင်းအရွှေ့နောက်ကွယ်မှာလည်း ဆာကာ နဲ့ ရိုက်စ်တို့က အဓိကနေရာကနေ ပါဝင်ခဲ့ကြပါတယ်။ မာဒူကီဟာ အခုသြဂုတ်လအစောပိုင်းမှာ အသင်းဖော်အသစ်တွေနဲ့ ပေါင်းဆုံမှာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားဝင်ကစားထားတာကြောင့် အနားရနေပါတယ်။
အင်္ဂလန်သားကတော့ လာမယ့်သြဂုတ်လ ၁၇ ရက်နေ့ ယူနိုက်တက်နဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ နိုင်ငံအသင်းဖော်တွေဖြစ်တဲ့ ဆာကာ ၊ ရိုက်စ်တို့နဲ့အတူတူ တွဲဖက်ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။