
အက်စ်တွန်ဗီလာအား ဂိုးပြတ်ရှုံးနိမ့်မှုအပေါ် တုံ့ပြန်ပြောကြားလိုက်တဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီ
စနေနေ့က အက်စ်တွန်ဗီလာကို ၆-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဘရိုက်တန်နည်းပြ ဒီဇာဘီဟာ ဝေဖန်မှုတွေကနေ ရှောင်ထွက်သွားခဲ့ခြင်းမရှိပါဘူး။ အမ်မရီရဲ့အသင်း၏ ပြင်းထန်တဲ့ ဖိအားပေးကစားမှုကြောင့် ၂၆ မိနစ်အတွင်း ၃-၀ ဂိုး ဖြင့်ရှုံးနိမ့်နေတဲ့ ဘရိုက်တန်ဟာ ဗီလာပါ့ခ်မှာ ဂိုးဒါဇင်ဝက်ဖြင့် သွင်းယူခြင်းခံခဲ့ရပါတယ်။ ဘရိုက်တန်ဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၃ နေရာတွင် ဗီလာထက် ၃ မှတ်နှင့် ၁၀ ဂိုးကွာခြားချက်ဖြင့် ပွဲကိုစတင်ကစားခဲ့သော်လည်း ယခုအခါ ဗီလာရဲ့ ကျော်တက်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။
"အားလုံးမှားသွားခဲ့ပါတယ်။ ကျွန်တော်တို့ ကစားပုံ အရမ်းဆိုးပြီး ရုပ်ပိုင်းဆိုင်ရာ ပြသနာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ပထမဆုံးအနေနဲ့ ဒီလိုပွဲမျိုးကို ၆-၁ ဂိုးဖြင့်ရှုံးနိမ့်ခြင်းရဲ့ အကြီးမားဆုံးတာဝန်က နည်းပြရဲ့တာဝန်ဖြစ်လို့ ကျွန်တော့်တာဝန်ယူရမှာပါ"
"ဒုတိယက ကျွန်တော်တို့ ကစားပုံ အရမ်းဆိုးပေမယ့် ၃ ရက်မှာ ၁ ပွဲ ကစားနေရတာကြောင့် ပထမဦးစားပေး ၁၁ ဦးက ယှဉ်ပြိုင်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဗယ်မန်၊ ဝက်ဘ်စတာ၊ ဒန့်ခ်၊ ဂီလ်မော၊ မာ့ချ်၊ ဖာဂူဆန်နှင့် စတီးလ်တို့က ဗုဒ္ဓဟူးနေ့မှာ မကစားခဲ့ကြပါ။ တခြားနည်းနဲ့ စီမံခန့်ခွဲဖို့ ကျွန်တော် ကြိုးစားနေတယ်။ ၃ ရက် ၁ ကြိမ် ကစားတာက တခြားအားကစားတစ်ခုပါ။ ဒီအဆင့်မှာ ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ အဆင်သင့် မဖြစ်သေးပါဘူး" လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒီဇာဘီက ဝန်ခံခဲ့ပါတယ်။
ဒုတိယမြောက် ဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ ဘရိုက်တန်ဟာ တစ်ပတ်မကုန်မီ နောက်ထပ် အရေးကြီးသော ပွဲ ၂ ပွဲ အဖြစ် မာဆေးလ်၊ လီဗာပူးတို့နှင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဗီလာပါ့ခ်ရဲ့ ရှုံးပွဲကနေ သင်ယူစရာတွေ အများကြီးရှိနေသလို ဒီဇာဘီက သူ့ရဲ့အသင်းဟာ ပြင်သစ်တောင်ပိုင်က အသင်းနဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ အရမ်းကွာခြားသွားလိမ့်မယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။
"ဒီနေ့ဟာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့နေ့တစ်နေ့မို့ သင်ယူရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရှုံးတယ်၊ ဒုက္ခရောက်ပြီး အရမ်းဆိုးတဲ့နေ့ဖြစ်ပါတယ်။ ဒါပေမယ့် အဆင့်က ပြောင်းလဲနေတာကြောင့် ဘရိုက်တန်ရဲ့ အရေးကြီးဆုံးနေ့တွေထဲက တစ်နေ့ဖြစ်နိုင်ပါတယ်"
"ကျွန်တော်တို့ ဒီအဆင့်ကို ရောက်ချင်ခဲ့ပြီး အခုတော့ အသင်းရဲ့သမိုင်းကြောင်းအတွက် ကစားပြီး ယှဉ်ပြိုင်နိုင်ပါပြီ။ ကျွန်တော်တို့ဟာ ဘောလုံးထက် မတူညီတဲ့ အရာတွေကို လုပ်နေကြတာပါ။ လူတိုင်းကသာ ဒီလိုမျိုးတွေးတောနေမယ်ဆိုရင် စိတ်စွမ်းအင်ကို ရှာဖွေနိုင်ပါတယ်"
"ကျွန်တော့် ကစားသမားတွေကို ယုံကြည်ပါတယ်။ အဝတ်လဲခန်းက လူတွေအပေါ် ယုံကြည်ချက် ကြီးကြီးမားမားရှိပါတယ်။ ဒီရှုံးပွဲအတွက် ကျွန်တော်တို့ အများကြီး ခံစားခဲ့ရပါတယ်။ ပရိသတ်တွေနဲ့ ကလပ်အတွက် ဝမ်းနည်းမိပေမယ့် တစ်ခါတလေ ဒီလိုနည်းနဲ့ ဆုံးရှုံးသွားနိုင်ပါတယ်။ ကြာသပတေးနေ့မှာ နောက်ထပ် ဘရိုက်တန်ကိုတွေ့ပါလိမ့်မယ်" လို့ ဒီဇာဘီက ပြောကြားခဲ့ပါတယ်။