အာနိုးလ်အပေါ် လှောင်ပြောင်အော်ဟစ်မှုတွေကို တုံ့ပြန်မှတ်ချက်ပေးလာတဲ့ ဘယ်လင်ဟမ်နဲ့ အလွန်ဆို
ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်နဲ့အတူ အန်ဖီးလ်ဆီပြန်ရောက်ရှိလာတဲ့ အာနိုးလ်အပေါ် လှောင်ပြောင်အော်ဟစ်မှုတွေကို လီဗာပူးပရိသတ်တွေရဲ့ခံစားချက်အစစ်အမှန်လို့ မယုံကြည်ထားပါဘူး။ အန်းစလော့ရဲ့အသင်း ၁-၀ ဂိုးဖြင့် အနိုင်ရရှိသွားတဲ့ ချန်ပီယံလိဂ်အင်္ဂါညချမ်းမှာ ညာနောက်ခံလူအတွက် အသင်းဟောင်းနဲ့ ပျော်ရွှင်ဖွယ်ဆုံစည်းမှုတစ်ခု ဖြစ်မလာခဲ့ပါဘူး။
ပွဲချိန်နှောင်းပိုင်း၊ အာနိုးလ်လူစားဝင်ကစားချိန် အိမ်ကွင်းပရိသတ်တွေရဲ့ အေးစက်စက်ကြိုဆိုမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါက အခုနွေရာသီ၊ ရီးရဲလ်မက်ဒရစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားတဲ့ ငယ်မွေးခြံပေါက်ကစားသမားအပေါ် လီဗာပူးပရိသတ်တွေဆီမှာ ခါးသီးတဲ့ခံစားချက်တွေ ရှိနေဆဲပဲဆိုတာကို ဖော်ပြပေးနေပါတယ်။
ဘယ်လင်ဟမ်က “ ဘောလုံးနဲ့ပတ်သက်တဲ့ ကိစ္စတွေအနက် တစ်ခုဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ပရိသတ်တွေရဲ့လှောင်ပြောင်မှုက သူတို့ရဲ့ခံစားချက်အစစ်အမှန်ကို ထင်ဟပ်စေမယ်လို့ မယူဆမိပါဘူး။ ဒါက သူတို့အသင်းအတွက် ကောင်းကျိုးရှိစေဖို့ လုပ်ဆောင်ခဲ့တာလို့ ထင်ပါတယ်။ ဒီကလပ်အသင်းအတွက် အာနိုးလ်လုပ်ပေးခဲ့တဲ့အရာတွေကို အသိအမှတ်ပြုပေးကြမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ ကိစ္စရပ်အချို့အနက် တစ်ခုလောက်သာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အာနိုးလ်ရရှိခဲ့တဲ့ လှောင်ပြောင်သရော်မှုအပေါ် အလွန်ဆိုက “ ကောင်းပြီ။ ဒါကိုလည်း မျှော်လင့်ထားခဲ့ပြီးသားပါ။ ပထမဆုံးအကြိမ်ပေါ့၊ အာနိုးလ်အတွက်လည်း စိန်ခေါ်မှုတွေ ရှိပါတယ်။ အတွေ့အကြုံအသစ်ပါ။ တစ်ဆင့်ချင်းပဲ သွားရပါမယ်။ ကျွန်တော်တို့အသင်းမှာ အာနိုးလ်ရှိနေလို့ ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။