The network connection is lost.

Banner Image

ဘရာဇီးကလပ်ကနေ ခေါ်ထားတဲ့ ဗစ်တာရိုကွီကို စာရင်းသွင်းရန်အတွက် ရှိရင်းစွဲ ကစားသမားတစ်ဦးကို ရောင်းချရမယ့် ဘာစီလိုနာ

အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကို အသားရကာ လာလီဂါချန်ပီယံဆုအား ကိုင်မြှောက်ထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းက ချန်ပီယံဆု ကာကွယ်နိုင်ရေးအတွက် ကစားသမား ဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး ဥရောပ ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဘရာဇီးစတား ဗစ်တာရိုကွီကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပေမဲ့ ကစားသမားမှတ်ပုံတင်ရန် အခက်တွေ့နေရတာပဲ ဖြစ်ပါတယ်။

လာလီဂါအင်အားကြီးကလပ်ဘာစီလိုနာအသင်းက ဘရာဇီးကလပ် အက်သလက်တီကို ပါရာနန်စီအသင်းရဲ့ ဆယ်ကျော်သက် တိုက်စစ်ကစားသမား ဗစ်တာရိုကွီအား ခေါ်ယူရန် ရာသီကြို အပြောင်းအရွှေ့ ကာလအတွင်းမှာကတည်းက ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းကြောင့် ကြံ့ကြာနေချိန် ဆော်ဒီလုပ်ငန်းစု ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်အသင်းအပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က စိတ်ဝင်စားမှုပြသထားခဲ့သေးတာလည်း ဖြစ်ပါတယ်။

အက်သလက်တီကိုပါရာနန်စီအသင်းက ဗစ်တာရိုကွီအတွက် ပြောင်းရွှေ့ကြေးပေါင်းသန်း ၄၀ခန့်တောင်းဆိုနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတာမှန်ပေမဲ့  အမှန်တကယ်ကမ်းလှမ်းမှု ပြုလုပ်လာမယ့် ကလပ်အသင်းကို စောင့်မျှော်နေကာ ဘာစီလိုနာ အသင်းရဲ့ ယူရို ၃၅ သန်းဖြင့် ကမ်းလှမ်းမှုကို လက်ခံလိုက်တာ ဖြစ်ပါတယ်။

ဘရာဇီးလိဂ်တွင် ထူးခြားတဲ့ ခြေစွမ်းပြသထားနိုင်ခဲ့တဲ့ ရိုကွီအနေဖြင့် ဘရာဇီးရော်နယ်ဒိုအဖြစ်ပါ နာမည်ကြီးနေသူတစ်ဦးဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းအချို့ကလည်း ချိတ်ဆက်ခဲ့ဖူးတဲ့အပြင် အခြားဥရောပအသင်းတွေနဲ့ပါ သတင်းထွက်ပေါ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ဘဏ္ဍာရေးအခက်အခဲဖြစ်နေချိန် ကစားသမားတွေရဲ့ စုစုပေါင်း လစာပေးချေမှုပမာဏကို ယူရို ၂၇၀ သန်းအထိ လျှော့ချခြင်းခံထားရတာကြောင့် ကစားသမားထပ်မံဖြည့်တင်းရန် အခက်အခဲဖြစ်နေရပြီး အသက် ၁၈ နှစ်အရွယ် ဗစ်တာရိုကွီကို ကစားသမားမှတ်ပုံတင်ရန် ဝင်ငွေလမ်းကြောင်းထပ်မံမရှာဖွေနိုင်ပါက ရှိရင်းစွဲအခြားကစားသမားတစ်ဦးကို ရောင်းချသွားရမှာ ဖြစ်ပါတယ်။

နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက ရှေ့လာမယ့် အပတ် လာလီဂါပွဲစဉ်တွင် ရီးရဲလ်ဘက်တစ်အသင်းကို စနေနေ့မှာ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။