The network connection is lost.

Banner Image

ဂိုးသွင်းပြီးနောက် ဒဏ်ရာရချင်ယောင်ဆောင်ပြီး တစ်ကွင်းလုံးကို အရူးလုပ်ခဲ့တဲ့ ဇာခါ

လေဗာကူဆင်ကွင်းလယ်လူ ဂရာနစ်ဇာခါဟာ မနေ့ညက မိန့်ဇ်နဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ဒဏ်ရာရချင်ယောင်ဆောင်ပြီး တစ်ကွင်းလုံးကို အရူးလုပ်သွားခဲ့ပါတယ်။ လေဗာကူဆင်အသင်းဟာ ဒီနှစ်ရာသီ နည်းပြအလွန်ဆိုရဲ့ဦးဆောင်မှုနဲ့အတူ ခြေစွမ်းပြနေပြီး မိန့်ဇ်ကို နိုင်ပြီးတဲ့နောက် ဇယားထိပ်မှာ ၁၁မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။
 
အဆိုပါပွဲစဉ်မှာ ဇာခါက ဧရိယာအပြင်ဘက်ကနေ အဝေးကန်ချက်နဲ့ လှလှပပ ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။
ဒါပေမယ့် ဂိုးသွင်းအပြီးမှာ ဇာခါက ခြေကျင်းဝတ်ကို ကိုင်ပြီး ထော့နဲ့ထော့နဲ့ပုံစံဖြစ်သွားတာကြောင့် အလွန်ဆိုနဲ့ နည်းပြအဖွဲ့ဝင်တွေ စိုးရိမ်တကြီးနဲ့ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဇာခါက ဟန်ဆောင်နေတာသာဖြစ်ပြီး အောင်ပွဲခံမှုအနေနဲ့ ပြုလုပ်ခဲ့တာဖြစ်လို့ အလွန်ဆိုက နည်းပြအဖွဲ့ဝင်တွေကို ပြန်ရှင်းပြခဲ့ရပါတယ်။
 
အဲ့ဒီနောက် ကွင်းဘေးကနည်းပြအဖွဲ့ဝင် ရယ်မောခဲ့ကြပြီး စိတ်သက်သာရာရသွားခဲ့ကြပါတယ်။
ဇာခါဟာ ပြီးခဲ့တဲ့နွေရာကီက အာဆင်နယ်ကနေ ပေါင်၂၁သန်းနဲ့ လေဗာကူဆင်ထံရောက်လာခဲ့ပြီး ဘွန်ဒက်စ်လီဂါဖလား ကိုင်မြောက်ခွင့်ရဖို့ နီးစပ်နေခဲ့တာ ဖြစ်ပါတယ်။