
The network connection is lost.

သတင်းတွေအရ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး လီဝန်ဒေါစကီးနေရာမှာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်နဲ့အစားထိုးချင်နေတယ်လို့ သိရပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရ ဇာဗီဟာ အီဆက်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး တိုက်စစ်ပိုင်းနေရာအတွက် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးနေရာမှာ အီဆက်နဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ အီဆက်ကို ခေါ်ယူဖို့အတွက်တော့ မလွယ်ကူနိုင်တာဖြစ်ပြီး ၃၁ ပွဲမှာ ၁၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ ပွဲထွက်ခွင့်ရဖို့ ဝီလ်ဆင်နဲ့ အားပြိုင်နေရပါတယ်။
ဝီလ်ဆင်ဟာ စနေနေ့တုန်းက ဘရန့်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နယူးကာဆယ်တိုက်စစ်ကိုဦးဆောင်လာခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အီဆက်ရဲ့စာချုပ်သက်တမ်းက ၂၀၂၈ အထိ ကျန်ရှိနေတာကြောင့် ဘာစီလိုနာအနေနဲ့ လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်လောက်တာဖြစ်ပါတယ်။
တကယ်လို့ ဘာစီလိုနာအနေနဲ့ တူညီတဲ့ငွေကြေးအမောင့်ပေးချေရင်တောင် ခေါ်ယူနိုင်ဖို့ ခက်ခဲနိုင်တာဖြစ်ပြီး ဘဏ္ဍာရေးအကျပ်အတည်းလည်းရှိနေတာ ဖြစ်ပါတယ်။