The network connection is lost.

Banner Image

နီကိုဝီလီယံကိုသဘောတူညီမှုရယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်စတားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့ ဘာစီလိုနာ

နီကိုဝီလီယံကိုခေါ်ယူနိုင်ဖို့သဘောတူညီမှုရရှိခဲ့ပြီးနောက် ဘာစီလိုနာဟာ ယူနိုက်တက်စတား ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ ဆက်လက်အလိုရှိနေဆဲလို့ သိရပါတယ်။ ဖလစ်ရဲ့အသင်းဟာ ဘီလ်ဘာအိုစတားကို အာဆင်နယ် ၊ ချဲလ်ဆီး ၊ ဘိုင်ယန်တို့အားကျော်ဖြတ်ကာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်သားဟာ ဘာစီလိုနာကိုပြောင်းဖို့ နှုတ်အားဖြင့်သဘောတူညီမှုရရှိထားခဲ့ပြီးဖြစ်ကာ စာချုပ်ဖျက်သိမ်းကြေးပေါင်သန်း ၅၀ က လာမယ့်ရက်အနည်းငယ်အတွင်းအသက်ဝင်မှာဖြစ်ပါတယ်။ ဝီလီယံအပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပေမယ့်လည်း ဘာစီလိုနာဟာ ရက်ရှ်ဖို့ဒ်ကိုအလိုရှိနေဆဲလို့ သိရပါတယ်။ ဗီလာအသင်းမှာအငှားထွက်ကစားခဲ့ပြီးနောက် အင်္ဂလန်သားဟာ အခုနွေရာသီမှာ ယူနိုက်တက်ကနေထွက်ခွာမှာဖြစ်ပါတယ်။

ဗီလာအသင်းဘက်က ရက်ရှ်ဖို့ဒ်ကိုပေါင်သန်း ၄၀ နဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိနေပေမယ့် ကစားသမားက ဘာစီလိုနာကိုသာပြောင်းချင်နေပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ပြောကြားရာမှာ ရက်ရှ်ဖို့ဒ်က သူ့အနေနဲ့ တောင်ပံမှာ ယာမဲလ်နဲ့တွဲဖက်ကစားချင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“မှန်ပါတယ်။ သေချာပါတယ်။ ကမ္ဘာပေါ်ကလူတိုင်း အကောင်းဆုံးတွေနဲ့ပဲ ကစားချင်ပါတယ်။ ဒါကြောင့် မျှော်လင့်မိပါတယ်။ ဆက်လက်စောင့်ကြည့်ရမှာပါ”လို့ YouTuber Javi နဲ့အင်တာဗျူးမှာ ရက်ရှ်ဖို့ဒ်ကဖြေကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က ပြောင်းချင်နေပေမယ့် အပြောင်းအရွှေ့အတွက်က ဘာစီလိုနာအနေနဲ့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ယူနိုက်တက်ဘက်ကတော့ အပြီးသတ်သာ လက်လွှတ်ချင်နေပါတယ်။

ဘာစီလိုနာဘက်က လက်ရှိမှာအငှားနဲ့သာကနဦးခေါ်ယူချင်နေတာဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၃ သိန်းက အခက်အခဲဖြစ်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က အခုနွေရာသီမှာ ငွေကြေးတစ်ရပ်ရှာဖွေဖို့ မလိုအပ်တဲ့ကစားသမားတွေကို ရှင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ရက်ရှ်ဖို့ဒ်အပြင် ယူနိုက်တက်ကနေ ဂါနာချို ၊ ဆန်ချို ၊ အန်တိုနီတို့လည်း ထွက်ခွာကြမှာဖြစ်သလို ဟွိုက်လန်းကလည်း ထွက်ခွာမှာဖြစ်ပြီး နာပိုလီအသင်းက စိတ်ဝင်စားနေပါတယ်။