The network connection is lost.

Banner Image

ဂျာအိုဖီးလစ်ရဲ့အပြောင်းအရွှေ့အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက်နှင့် ဆွေးနွေးနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နွေရာသီက အက်သလက်တီကိုမက်ဒရစ်မှ ပေါင် ၄၆.၃ သန်းဖြင့် ဖီးလစ် ကို ဝယ်ယူခဲ့သော်လည်း ပေါ်တူဂီလက်ရွေးစင်ဟာ နည်းပြ အန်ဇိုမာရက်စ်ကာရဲ့ လက်အောက်တွင် ပုံမှန်ကစားခွင့် ရရှိရန် ခက်ခဲနေခဲ့ပါတယ်။ယခုရာသီတွင် ဖီးလစ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲတွင်သာ ကစားခွင့်ရခဲ့ပြီး စုစုပေါင်း မိနစ် ၃၆၄ သာ ကစားခွင့်ရခဲ့ပါတယ်။

ထိုအတောအတွင်း ဗီလာဟာ ပြီးခဲ့တဲ့ နွေရာသီက ဖီးလစ် ကို ဝယ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ချဲလ်ဆီးထံ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ RMC Sport ရဲ့ ဖော်ပြချက်အရ ဗီလာဟာ ဖီးလစ် ကို ဝယ်ယူရန် စိတ်ဝင်စားမှု ဆက်လက်ရှိနေပြီး ယခုအခါတွင် ချဲလ်ဆီးနှင့် တိုက်ရိုက် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

ဗီလာမန်နေဂျာ အမ်မရီဟာ ဖီးလစ် ကို အထူးသဘောကျသူဖြစ်တယ်လို့ ဆိုထားသော်လည်း ချဲလ်ဆီးရဲ့ ရှေ့တန်းကစားသမားဟာ ဥရောပတစ်ဝှမ်းရှိ အခြားကလပ်များရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိထားပါတယ်။ မာရက်စ်ကာက ဖီးလစ် ကို ထည့်သွင်းမကစားဖို့ ရွေးချယ်ရတဲ့ အကြောင်းရင်းက ၂၅ နှစ်အရွယ် ဖီးလစ် ဟာ ကိုးလ်ပယ်လ်မာရဲ့ နေရာတူတွင် ကစားရသူလို့ ယုံကြည်သောကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သော လက ဖူလ်ဟမ်နှင့် ပွဲစဉ်တွင် ဖီးလစ်ကို မထည့်သွင်းရဲ့တဲ့ အကြောင်းကို ပြောရာတွင် မာရက်စ်ကာက "ဂျာအိုအတွက်တော့ သူနဲ့ ကိုးလ်တို့ဟာ တူညီတဲ့ နေရာမှာ ကစားကြပါတယ်။ တချို့ပွဲတွေမှာ သူတို့အတူတူ ကစားခဲ့ဖူးပါတယ် ဒါပေမယ့် ဒါက အသင်းကို မျှတသွားစေဖို့ ကိစ္စပါ" လို့ ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ချက်များအရ ချဲလ်ဆီးခံစစ်မှူး ဒီဆာဆီဟာ ဗီလာသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ ချဲလ်ဆီးနှင့် ဗီလာတို့ဟာ ယခုရာသီရဲ့ ကျန်ရှိသော ကာလအတွက် အငှားစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်နေကြပါတယ်။