The network connection is lost.

Banner Image

ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ကမ်လှမ်းမှုတစ်ခုကို ငြင်းပယ်ခဲ့ပါတယ်လို့ ပြောကြားလိုက်တဲ့ မော်ရင်ဟို

အသက် ၆၀ အရွယ် ရိုးမားနည်းပြဟာ စတေဒီယိုအိုလံပီကိုကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ ဩဂုတ်လတုန်းကလည်း ဆော်ဒီအာရေဗျလက်ရွေးစင်အသင်းကို နည်းပြဖို့ ချဉ်းကပ်ခဲ့ခြင်းခံခဲ့ရပါတယ်လို့ ယူနိုက်တက်နဲ့ ချဲလ်ဆီးနည်းပြဟောင်းက အတည်ပြုခဲ့ပါတယ်။

 

မော်ရင်ဟိုဟာ ယူရိုသန်း ၁၂၀ တန်ကြေးရှိ ၂ နှစ် စာချုပ်ဖြင့် ကမ်းလှမ်းခြင်းခံခဲ့ရပြီး ဒါဟာဘောလုံးသမိုင်းတစ်လျှောက် လစာအများဆုံးနည်းပြ ဖြစ်လာလိမ့်မယ်လို့ Coriello Dello Sport က ဖော်ပြခဲ့ပါတယ်။ လက်ရွေးစင်အသင်းရဲ့ကမ်းလှမ်းမှုအပြင် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟာလီနှင့် အယ်လ်ဟီလယ်တို့မှ ငွေကြေး ကြီးကြီးမားမားဖြင့် ကမ်းလှမ်းမှု ၂ ခုကို ပယ်ချခဲ့ပြီး အဆိုပါ ကမ်းလှမ်းချက်တွေက တစ်ရာသီလျှင် ယူရိုသန်း ၃၀ တန်ကြေးရှိကြောင်း မော်ရင်ဟိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

"ရိုးမားမှာ ဆက်နေချင်တာကြောင့် ၂ ခုစလုံးကို ပယ်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ သူက ပြောထားပါတယ်။ ဒီရာသီမှာ မော်ရင်ဟိုဟာ အီတလီနိုင်ငံရဲ့ မြို့တော်မှာ ဆက်နေလိုတဲ့ ဆန္ဒကို လူသိရှင်ကြား ထုတ်ပြောဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က ရိုးမားရဲ့ ဖရိုစီနန်နဲ့ ထိပ်တိုက်တွေ့မယ့် ပွဲမတိုင်ခင် အတွေ့အကြုံရင့်နည်းပြက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုံးစံအတိုင်း စိတ်အားထက်သန်စွာ ပြောဆိုခဲ့ပါတယ်။

 

"နွေရာသီမှာ ကျွန်တော်ဟာ ဘောလုံးသမိုင်းမှာ နည်းပြတစ်ယောက်ရဲ့ အကြီးမားဆုံး၊ အရေးအကြီးဆုံးနဲ့ အရူးအမူးဆုံး အလုပ်ကမ်းလှမ်းမှုတစ်ခု ရခဲ့ပါတယ်" လို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ ကျွန်တော့်ရဲ့စကားကြောင့် လုံးဝ ငြင်းပယ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်က ပြဿနာကောင် ဖြစ်ပုံရနေပြီး ဒါကို လက်မခံနိုင်ပါဘူး။ မမှန်ဘူးဆိုတော့ လက်မခံနိုင်ပါဘူး။ ကျွန်တော်ဟာ ပြဿနာကောင်မဟုတ်ပါဘူး"

 

"ဘောလုံးနဲ့ ဘဝမှာ အရာရာဟာ ဘက်ပေါင်းစုံမှာရှိပါတယ်။ တစ်ယောက်ယောက်မှာ တာဝန်ရှိတယ်လို့ ပြောလို့မရဘူး ကျွန်တော်တို့အားလုံးအတူတူပါပဲ။ ကျွန်တော့်စကားအတိုင်း အပေးအယူလုပ်ခဲ့တာဖြစ်ပြီး ဒါကြောင့် နောက်ဆုံးနေ့ဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ဒီမှာရှိနေမှာပါ။ မျှော်လင့်ထားတာထက် စောပြီး ပြီးသွားတယ်လို့ ဖရက်ကင်ကသာ ကျွန်တော့်ကို ပြောနိုင်ပါတယ်။ ကျွန်တော်ဟာ ကစားသမားတွေ၊ ပရိသတ်တွေနဲ့ ကမ္ဘာကိုပေးခဲ့တဲ့ ကတိပေးထားတဲ့ပုဂ္ဂိုလ်ဖြစ်လို့ အဆုံးထိ ရောက်အောင်သွားမှာပါ"

 

"ကွင်းထဲသို့ ဝင်ရမှာကို မကြောက်ပါဘူး၊ သူတို့က ကျွန်တော့်ကို ရှာချင်တယ်ဆိုရင်တော့ ကျွန်တော်နေထိုင်တဲ့ ထရွိုင်ဂိုရီယာမှာ တွေ့မှာပါ၊ ကျွန်တော်လည်း မကြောက်သလို ယုံကြည်မှုလည်းမရှိတာလည်း မရှိပါဘူး"

 

"ကျွန်တော် ဒီကိုရောက်ပြီး မနက်ဖြန် အားကစားကွင်းမှာ ကျွန်တော်နဲ့ ကျွန်တော့် ကစားသမားတွေ အတူတူ ပွဲမစခင်၊ ပွဲကစားချိန်နဲ့ ပွဲအပြီးမှာ ဖြစ်လာမယ့်အရာတွေအတွက် တာဝန်ယူမှာပါ။ ကျွန်တော်တို့အတွက် အရေးကြီးတာက နိုင်ပွဲဆိုတာ အသင်းက လိုအပ်တာပါပဲ" လို့ မော်ရင်ဟိုက ပြောပါတယ်။

 

မော်ရင်ဟိုက အသင်းကစားသမားတွေနဲ့ သူရဲ့ဆက်ဆံရေးအကြောင်းကို ပြောခဲ့ပါတယ်။

 

"ဒါဟာ အားလုံးအမြဲကြားနေရတဲ့အရာမဟုတ်ဘူး။ ဒါပေမယ့် သူတို့တွေက ကျွန်တော့်သူငယ်ချင်းတွေဖြစ်ပြီး ကျွန်တော်ကလည်း သူတို့ရဲ့သူငယ်ချင်းပါ။ ကျွန်တော်တို့က အဖွဲ့ကောင်းတစ်ခုပါ"

 

"အထူးသဖြင့် ဒီအချိန်တွေမှာ အဖိုးမဖြတ်နိုင်တဲ့ အခြေခံတစ်ခုဖြစ်တဲ့ စာနာနားလည်မှုဆိုတာ ရှိပါတယ်။ သူတို့နဲ့အတူ ကျွန်တော်တစ်ယောက်တည်းလို့ တစ်ခါမှ မခံစားဖူးဘူး"

 

"အခုတော့ ထရွိုင်ဂိုရီယာ အတွင်းရော အပြင်မှာပါ ကျွန်တော့်အတွက် ကမ်းလှမ်းထားတဲ့ တော်တော်များများကို မခံစားဘဲ ကိုယ်ပိုင်အဖြေတွေကိုရှာဖို့ သီးခြားခွဲထားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါဟာ ကျွန်တော့်ရဲ့ ရွေးချယ်မှုပါပဲ။ ဒီမှာအဆင်ပြေနေပြီး ပိုပြီးအလုပ်လုပ်ရတဲ့နေရာထက် ကျွန်တော်ပိုပျော်တဲ့နေရာဆိုတာ မရှိပါဘူး" လို့ မော်ရင်ဟိုက ပြောပါတယ်။

 

ဆက်လက်ပြီး နည်းပြ မော်ရင်ဟိုက "ကစားသမားတွေဆီကနေ ပိုမျှော်လင့်ထားသလို ကိုယ့်ကိုယ်ကိုလည်း မတူကွဲပြားတဲ့ စိတ်ဓာတ်၊ ဆာလောင်မှုနဲ့ တာဝန်ဝတ္တရားတွေကို မျှော်လင့်နေပါတယ်" လို့ ပြောကြားထားပါတယ်။