လီဗာပူးကို ဦးတည်ဝေဖန်တိုက်ခိုက်လိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချဲလ်ဆီးကို အနိုင်ယူပြီး ကာရာဘောင်ဖလား ရယူနိုင်ခဲ့တဲ့ ကလော့ပ် နဲ့ သူ့ရဲ့အသင်းကို ဦးတည်ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။ ဂွါဒီယိုလာက အစောပိုင်းတုန်းက ပြောခဲ့သလို လီဗာပူးအနေနဲ့ အသေးစားဆုဖလားတစ်လုံးကိုသာ ရယူနိုင်ခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
သတင်းစာရှင်းပွဲမှာ ဂွါဒီယိုလာက “ကျွန်တော် စရောက်တုန်းကအချိန်ကို မှတ်မိပါသေးတယ်။ ဘရိန်းကစ်ဒ်က ကျွန်တော့်ကိုပြောပါတယ်။ ကာရာဘောင်ဖလားက အာရုံစိုက်ခံရမယ့်ဖလား မဟုတ်ဘူးဆိုတာပေါ့။ လူငယ်ကစားသမားတွေနဲ့ကန်ပြီး ဘယ်သူမှမဂရုမစိုက်ပါဘူး။ ဆာအဲလက်စ်လည်း အမြဲတမ်းအဲ့လိုပြောပါတယ်။ အဲ့တာက ပြဿနာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေမှာ ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော်မသိပါဘူး။ အဲ့ဖိုင်နယ်က မတူညီတဲ့ပြိုင်ပွဲမျိုး ဖြစ်လာပါတယ်။ အဲ့တာက အမှန်တရားပါ”လို့ ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ၂၀၁၆ တုန်းက အင်္ဂလန်ကို ရောက်လာခဲ့တာဖြစ်ပြီး ကာရာဘောင်ဖလားကို ၄ လုံးအထိ ရယူထားနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ လီဗာပူးအသင်းက ၂ ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။ ဒီနှစ်ဆုဖလားကတော့ လီဗာပူးအတွက် အကြောင်းအရာ ၂ ခုကြောင့် ထူးရှယ်ဖြစ်နေပါတယ်။
ပထမဆုံးတစ်ချက်က စီနီယာကစားသမားအများအပြားဒဏ်ရာ ရရှိနေတာာဖြစ်ပြီး ချဲလ်ဆီးလို လူအင်အားအပြည့်နဲ့အသင်းကို လူငယ်တွေနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒုတိယတစ်ချက်က ကလော့ပ်အတွက် အခုရာသီက နောက်ဆုံးရာသီဖြစ်ပြီး နည်းပြဘဝကနေ မထွက်ခွာခင်မှာ ဆုဖလားအများအပြားကို ရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
စီးတီးကတော့ လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်နဲ့ မန်ချက်စတာဒါဘီမကန်ခင် အက်ဖ်အေဖလား လူတန်တောင်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။