The network connection is lost.

Banner Image

ပီအက်စ်ဂျီကွင်းလယ်ကစားသမားကို ယခုနွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ ပီအက်စ်ဂျီကွင်းလယ်ကစားသမား မန်နျူရယ်အူဂတ်ကို စိတ်ဝင်စားနေပြီး ဥရုဂွေးလက်ရွေးစင်ကစားသမားဟာ သူတို့ခေါ်ယူနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။  

ယူနိုက်တက်ဟာ ယခုနွေရာသီတွင် ဗဟိုကွင်းလယ်လူသစ်တစ်ဦးကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ဥရုဂွေးရဲ့ ကိုပါအမေရိကအသင်းမှာ ပါဝင်ခဲ့တဲ့ အူဂတ်ဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားခဲ့ပါတယ်။


အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီက စပို့တင်းလစ္စဘွန်းမှ ပြင်သစ်ကလပ်သို့ ပေါင် ၅၁.၁ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး စာချုပ်မှာ ၂၀၂၈ ခုနှစ် ဇွန်လအထိ သက်တမ်းရှိတာဖြစ်ပါတယ်။ ယခုနွေရာသီတွင် ယူနိုက်တက်ရဲ့ အဓိကဦးစားပေးမှာ တိုက်စစ်မှူးနှင့် ဗဟိုခံစစ်မှူး ခေါ်ယူဖို့ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဘိုလော့ဂ်နာတိုက်စစ်မှူး ဇီကာဇီရဲ့ ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေဆဲဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၄၀ (ပေါင် ၃၃.၈ သန်း) ပေးချေရန် ပြင်ဆင်ထားပါတယ်။ လက်ရှိ ယူရို ၂၀၂၄ မှာ ကစားနေတဲ့ နယ်သာလန် တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

အလားအလာရှိတဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး ယူနိုက်တက်နဲ့ဆွေးနွေးမလားဆိုတာကို အသက် ၂၃ နှစ်အရွယ်ကစားသမားရဲ့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဇီကာဇီရဲ့ အပြောင်းအရွှေ့ မအောင်မြင်ပါက ယူနိုက်တက်တွင် အခြားပစ်မှတ်များ ရှိနေပါတယ်။

အာဆင်နယ်ကလည်း ဘိုင်ယန်မြူးနစ်တိုက်စစ်မှုးဟောင်းကို စိတ်ဝင်စားနေပြီး အေစီမီလန်က ယခုနွေရာသီအစောပိုင်းမှာ ခေါ်ယူဖို့ နီးစပ်နေတာကြောင့် ယူနိုက်တက်အနေနဲ့ ဇီကာဇီအတွက် အပြိုင်အဆိုင် ခေါ်ယူရဖွယ်ရှိနေပါတယ်။ယူနိုက်တက်ဟာ အဲဗာတန် နောက်ခံလူ ဘရန့်ဝိတ်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပေမယ့် ပယ်ချခြင်းခံခဲ့ရတဲ့ ကနဦးကမ်းလှမ်းမှုပြီးနောက် နောက်ထပ်ပြုလုပ်ထားခြင်းမရှိသေးပါဘူး။

အင်္ဂလန်နောက်ခံလူဟာ အဓိကပစ်မှတ်အဖြစ်ရှိနေဆဲဖြစ်ပေမယ့် အဲဗာတန်ကတော့ ပေါင်သန်း ၇၀ အောက် စျေးလျှော့မယ်လို့ အရိပ်အမြွက်ပြထားခြင်းမရှိပါဘူး။ အဲဗာတန်အနေနဲ့ပြောင်းရွှေ့ကြေးအတွက် လိုက်လျောညီထွေဖြစ်စေရန် ဆန္ဒရှိကြောင်း အာမခံချက်မရရှိပါက ဘရန့်ဝိတ်ကို ခေါ်ယူဖို့ ယူနိုက်တက်က စဉ်းစားမှာမဟုတ်ပါဘူး။

ယူနိုက်တက်ရဲ့ ကနဦးကမ်းလှမ်းမှုမှာ ပေါင် ၃၅ သန်းနှင့် အပိုဆုကြေးများပါတယ်လို့ ယူဆရပြီး အဲဗာတန်က ပယ်ချခဲ့ပြီးနောက် ကာလရှည်ကြာအောင်လုပ်ဖို့ ယူနိုက်တက်က တွန့်ဆုတ်နေတာဖြစ်ပါတယ်။ အဲရစ်တန်ဟက်ရဲ့ အသင်းဟာ ဗဟိုနောက်ခံလူ လီနီယိုရိုကို ခေါ်ယူဖို့အတွက် လိုင်လီနှင့်လည်း ကနဦး ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်က စောင့်ကြည့်နေတဲ့ လူငယ်ဗဟိုနောက်ခံလူ အများအပြားထဲမှာ ပါဝင်နေပါတယ်။ ဗာရာနီက ယခုလကုန်မှာ အလွတ်အေးဂျင့်ဖြင့် ထွက်ခွာသွားပြီးနောက် ဗဟိုခံစစ်နေရာကို ဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။ လင်ဒီလော့ဖ်ကိုလည်း တူရကီကလပ် ဖီနာဘာချီမှ ခေါ်ယူရန် စိတ်ဝင်စားမှုရှိနေပါတယ်။

ယူနိုက်တက်ဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်တွင် ရှိနေတဲ့ ယိုရိုရဲ့ လိုင်လီအသင်းဖော် ဂျိုနသန်ဒေးဗစ်ကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်ကလပ်ထဲကတစ်သင်းလည်းဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ကဟာ ကနေဒါတိုက်စစ်မှူးကို စိတ်ဝင်စားနေတယ်လို့ သိထားရပေမယ့် ကလပ်အသင်းနဲ့  ဆက်သွယ်ထားခြင်းမရှိသေးပါဘူး။

ယခုလအစောပိုင်းတွင် လိုင်လီဥက္ကဌလက်တန်က ယိုရို နှင့် ဒေးဗစ်တို့ နှစ်ဦးစလုံးကို ယခုအပြောင်းအရွှေ့ဈေးကွက်တွင် ထွက်ခွာခွင့်ပြုမယ်လို့ ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်နှင့် စကော့တလန် ပရီးမီးယားရှစ်ရှိ ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါအပြောင်းအရွှေ့ဟာ သြဂုတ်လ ၃၀ ရက်နေ့ အင်္ဂလန်စံတော်ချိန် ည ၁၁ နာရီနှင့် စကော့တလန်တွင် ည ၁၁း၃၀ နာရီမှာ ပိတ်သိမ်းမှာမည်ပါတယ်။ ပရီးမီးယားလိဂ်နှင့် စကော့တလန် ပရီးမီးယားရှစ်တို့ဟာ ဥရောပရှိ အခြားသော အဓိကလိဂ်များနှင့် ချိတ်ဆက်ရန်အတွက် နောက်ဆုံးရက်မတိုင်မီ လုပ်ရမှာဖြစ်ပါတယ်။

အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ စပိန်နှင့် ပြင်သစ်ရှိ လိဂ်များနှင့် ဆွေးနွေးပြီးနောက် ပိတ်သိမ်းမည့်ရက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။