The network connection is lost.

Banner Image

နွေရာသီမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူချင်နေဆဲဖြစ်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာကတော့ လာမယ့်နွေရာသီမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူချင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိရာသီမှာ အာဆင်နယ်တိုက်စစ်က စွမ်းဆောင်ရည်ကောင်းတွေပြသထားသလို ဇန်နဝါရီ ၁ ရက်နေ့ကတည်းက အာဆင်နယ်ဟာ ၃၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကိုသာ အနိုင်ကန်နိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်ဟာ အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်မှာဖြစ်ပါတယ်။

“ကျွန်တော်တို့ နွေရာသီအစီအစဉ်က ရှင်းပါတယ်။ ရာသီအစကတည်းက ကျွန်တော်တို့ လုပ်ဆောင်မှုတွေရှိခဲ့သလို ကျွန်တော်တို့ကြားထဲမှာ နားလည်မှုလည်း ရှိပါတယ်။ စာချုပ်အခြေအနေက အချို့ကစားသမားတွေနဲ့ ဆွေးနွေးနေတာကြောင့် အချို့နေရာတွေမှာ မတိုးတက်တာတွေရှိနေတာပါ။ ဒီအခြေအနေကို ကျွန်တော်တို့ မပြောင်းလဲနိုင်ပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာတီတာက ဒူဘိုင်းလေ့ကျင့်ရေးအစီအစဉ်က မိမိတို့ကိုပြောင်းလဲပေးခဲ့တာလို့ ထောက်ပြခဲ့ပါတယ်။ “အဲ့တာက လိုအပ်ခဲ့တာပါ။ ဒီလေ့ကျင့်ခန်းအစီအစဉ်ကပဲ ကျွန်တော်တို့ကို တိုးတက်လာစေခဲ့တာပါ။ အထူးသဖြင့် ရာသီဥတု နဲ့ အချို့အရာတွေပြင်ဆင်ခွင့်ရခဲ့ပါတယ်။ အရာအားလုံးက ကျွန်တော်တို့ စီစဉ်သလိုဖြစ်လာခဲ့ပြီး အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ အဲ့တာက တကယ်ကောင်းပါတယ်။ ပြီးပြည့်စုံတဲ့အချိန်ကိုရောက်လာတာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက အာဆင်နယ်အသည်းအသန်ချိတ်ဆက်ခဲ့တဲ့ တိုနေးတစ်ယောက် စနေနေ့မှာ အာဆင်နယ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“ကျွန်တော် အခြားကစားသမားတစ်ဦးအကြောင်း မပြောချင်ပါဘူး။ အဲ့လိုမှမဟုတ်ရင် ဈေးကွက်ထဲက ကစားသမားတိုင်းရဲ့အကြောင်းကိုပြောနေရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ချိတ်ဆက်နေတဲ့ ကစားသမားတွေက အများကြီးမလို့ပါ”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။