The network connection is lost.

Banner Image

ရိုဒရီဂိုနဲ့ပတ်သက်တဲ့ သတင်းတွေအပေါ် တုံ့ပြန်လိုက်တဲ့ အာတီတာ

မီကယ်အာတီတာက လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့ရည်မှန်းချက်ကြီးမားကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပြီး အဓိကဖလားတွေကို ရယူနိုင်ဖို့အတွက် အကောင်းဆုံးကစားသမားတွေကို ခေါ်ယူသွားမယ်လို့ ဆိုလိုက်ပါတယ်။ ဒါကတော့ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာချိန်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နွေရာသီမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေပြီး အာတီတာက သူ့ရဲ့အသင်းမှာ "ဂိုး" နဲ့ "ဖန်တီးနိုင်စွမ်း" တွေ ထပ်မံဖြည့်တင်းဖို့လိုတယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။ ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ ကစားသမားတစ်ဦးချင်းစီနဲ့ပတ်သက်ပြီး တိတိကျကျပြောဆိုခဲ့ခြင်းမရှိပေမဲ့လည်း အာတီတာရဲ့ မှတ်ချက်တွေက အသင်းရဲ့ရည်မှန်းချက်ကြီးမားကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။

အာတီတာက"အဓိကဖလားတွေရယူချင်တယ်ဆိုရင် ဈေးကွက်မှာ အကောင်းဆုံးဖြစ်အောင်လုပ်ရမှာပေါ့ဗျာ။ ဖလားရတဲ့အသင်းတွေက အမြဲတမ်း အကောင်းဆုံးကစားသမားတွေရှိကြတာပဲ" လို့ ပြောပါတယ်။ အာဆင်နယ်အသင်းကို နောက်ရာသီမှာ အဓိကဖလားရယူရမယ် ဆိုတဲ့အဆင့်ကို ရောက်အောင်ခေါ်ဆောင်နိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ 
"လူတိုင်းကယုံကြည်ပြီး ကျွန်တော်တို့မှာ အရည်အသွေးရှိတယ်၊ တည်ငြိမ်မှုရှိတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီး ဒီနိုင်ငံနဲ့ ဥရောပမှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်" လို့ အာတီတာကထပ်လောင်းပြောကြားခဲ့ပါတယ်။