The network connection is lost.

Banner Image

ခက်ခဲတဲ့နေရာမှာကစားစေခဲ့တဲ့ နည်းပြဟောင်းကို ဦးတည်ဝေဖန်လိုက်တဲ့ ဖိုဒန်

မန်စီးတီးစတား ဖိုဒန်တစ်ယောက် အင်္ဂလန်အသင်းမှာ ခက်ခဲတဲ့နေရာကစားစေခဲ့တဲ့ နည်းပြဟောင်း ဆောက်ဂိတ်ကို ဦးတည်ဝေဖန်လိုက်ပါတယ်။ ပရီးမီးယားလိဂ် ၁ နှစ်တာအကောင်းဆုံးကစားသမားဆုကိုရယူနိုင်ခဲ့ပြီးနောက် ဖိုဒန်ဟာ ယူရို ၂၀၂၄ မှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်ဟာ ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပေမယ့် စပိန်ကိုအရေးနိမ့်ခဲ့ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့သလို ဆောက်ဂိတ်လည်း နည်းပြရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် စီးတီးစတား ဖိုဒန်ကလည်း တိုက်စစ်နေရာထက် ဘယ်တောင်ပံနေရာမှာသာ ထားကစားခဲ့တဲ့ ဆောက်ဂိတ်ကို ဦးတည်ဝေဖန်ခဲ့တာဖြစ်ပါတယ်။အဆိုပါအခြေအနေတွေက သူ့အတွက် ခက်ခဲစေခဲ့သလို ခြေစွမ်းပြဖို့လည်း ရုန်းကန်ခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။ “ကျွန်တော့်ရဲ့နေရာအမှန်ကို မကစားရလို့ စိတ်ပျက်မိခဲ့ပါတယ်။ ဘယ်တောင်ပံမှာကစားခဲ့ရတာက တော်တော်လေးခက်ခဲပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အကောင်းဆုံးကစားသမားဆုရခဲ့တာက ကွင်းလယ်တိုက်စစ်နေရာမှာ ကစားခဲ့ရတာကြောင့်ပါ။ 

ဒါပေမယ့် တောင်ပံနေရာပို့လိုက်တာကြောင့် တော်တော်လေးခက်ခဲခဲ့ပါတယ်။ ကျွန်တော် နေရာစုံမှာကစားနိုင်တာမှန်ပါတယ်။ ကစားရတဲ့နေရာမှာလည်း အကောင်းဆုံးကြိုးစားကစားခဲ့ပါတယ်။ အင်္ဂလန်မှာ ကျွန်တော် အကောင်းဆုံးအနေအထားမရခဲ့ပါဘူး။ အဲ့အခြေအနေတွေက စီးတီးပြန်ရောက်ချိန်မှာလည်း ရိုက်ခတ်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာလည်း အနည်းငယ်ကျဆင်းခဲ့ပါတယ်။

ဘောလုံးက ဦးနှောက်နဲ့ကစားရတာပါ။ ပြီးတော့ ဦးနှောက်က မောပန်းနေချိန်မှာ အကောင်းဆုံးကစားသမားကို ခင်ဗျားမြင်ရမှာမဟုတ်ပါဘူး။ ကျွန်တော် အနည်းငယ်အနားယူပြီး ခန္ဓာကိုယ်ကိုလည်း အနားပေးခဲ့ပါတယ်။ ရာသီသစ်မှာ နှေးကွေးစွာစတင်နိုင်ခဲ့ပြီး ကျွန်တော် အများကြီးမကစားခဲ့ရပါဘူး။ ကျွန်တော် အနားပေးပြီး သေချာလေးလုပ်ဆောင်ခဲ့ရပါတယ်။ အဲ့တာကြောင့် ကျွန်တော် ရာသီသစ်နှေးကွေးစွာစတင်ခဲ့တာပါ။

အခုတော့ ကျွန်တော့်ရဲ့ပုံစံအမှန်ကို ဖြေးဖြေးချင်းစတင်နိုင်ခဲ့ပါပြီ”လို့ ဖိုဒန်က ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ဟာ လက်ရှိမှာ တူချယ်ကိုင်တွယ်နေပြီး ဖိုဒန်တစ်တူချယ်တစ်ယောက် လာမယ့်မတ်လထဲမှာ အင်္ဂလန်နည်းပြဘ၀ ပထမဆုံးပွဲအဖြစ် အယ်လ်ဘေးနီးယားနဲ့ပွဲမှာ စတင်ကိုင်တွယ်မှာဖြစ်ပါတယ်။