The network connection is lost.

Banner Image

ကိုင်ဟားဗက်ဇ်ရဲ့သွင်းဂိုးက အရာအားလုံးကို ပြောင်းလဲသွားစေနိုင်တယ်လို့ အာတီတာပြော

အာဆင်နယ်နည်းပြ အာတီတာက ရာသီအစမှာ ရုန်းကန်နေရတဲ့ ကိုင်ဟားဗက်ဇ်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေအပေါ် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ယမန်နေ့ည ဘုန်းမောက်နဲ့ပွဲစဉ်မှာ ဆာကာ၊ အိုဒီဂတ်၊ ကိုင်ဟားဗက်ဇ်၊ ဘန်ဝှိုက်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့ပါတယ်။

 

အဆိုပါပွဲစဉ်အတွင်း အာဆင်နယ်အသင်း ပင်နယ်တီနှစ်ကြိမ် ကန်ခွင့်ရခဲ့ရာမှာ တစ်ကြိမ်ကို အသင်းခေါင်းဆောင် အိုဒီဂတ်က ဂိုးရဖို့ရုန်းကန်နေရတဲ့ ဟားဗက်ဇ်ကို ပေးကန်ခဲ့ပါတယ်။ ပွဲအပြီးမှာ အာတီတာက "လူသားဆန်လွန်းတဲ့ ကောင်လေးတွေကို မြင်ရတာ အသင်းနိုင်ပွဲရတာထက် ပိုပျော်တယ်။ နိုင်ပွဲပြန်ရခဲ့လို့ တကယ်ဝမ်းသာမိပါတယ်။ ဒါပေမယ့် အနိုင် 3 မှတ်ထက် ပိုပျော်ဖို့ကောင်းတာကတော့ ကျွန်တော့်ကောင်လေးတွေရဲ့ အပြုအမူတွေပါပဲ။"

 

"သူ​တို့တွေ ဘယ်လောက်တောင် လူသားဆန်လိုက်လဲ...။ သူငယ်ချင်းကောင်း၊ အသင်းဖော်ကောင်း ပီသလိုက်သလဲဗျာ။ အဲဒီကိစ္စကို ကျွန်တော်တောင် ကြိုမသိရပါဘူး။ သူတို့ဘာသူတို့ ကိုင်ဟားဗက်ဇ်ကို (ပင်နယ်တီ) ပေးကန်လိုက်တာဗျ။ ကိုင်ဟားဗက်ဇ်ကို ကျွန်တော်တို့က ယုံကြည်ပြီးသားပါ။ ဒါပေမယ့် သူ့မှာ ပြင်ပဖိအားတွေကနေ ရုန်းထွက်ဖို့ ယုံကြည်ချက်တွေ လိုနေခဲ့တာ။"

 

"အဲဒီ လိုအပ်ချက်ကိုလည်း ကျွန်တော့်ကောင်လေးတွေကိုယ်တိုင်ပဲ ဖြည့်ပေးခဲ့တယ်လေ။ ကိုင်ဟားဗက်ဇ်ဟာ လက်ခုပ်သံတွေနဲ့ ထိုက်တန်ပါတယ်။ သူဟာ တကယ်ကောင်းတဲ့ ကစားသမားပါ။ ကျွန်တော်တို့ရဲ့ပရိတ်သတ်တွေ ဟားဗက်ဇ်ကိုအခုလိုအားပေးကြလို့ အရမ်းပျော်ရွှင်မိပါတယ်။ ဒါဟာ သူနဲ့လည်းထိုက်တန်ပါတယ်။ ယခုလိုအားပေးမှုမျိုးက သူ့အတွက် အရာအားလုံးပြောင်းလဲသွားစေနိုင်ပါတယ်။”လို့ ပြောခဲ့ပါတယ်။