The network connection is lost.

Banner Image

အီဆက် နယူးကာဆယ်မှာ ဆက်ရှိနေမယ်လို့ အက်ဒီဟိုဝီ ယုံကြည်နေ

နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းနဲ့ သတင်းတွေထွက်ပေါ်နေပေမဲ့ အသင်းမှာဆက်ရှိနေမယ်လို့ ယုံကြည်မှုအပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

အီဆက်ကိုတော့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ ဝေဖန်မှုတွေမခံရအောင်လို့ ဆဲလ်တစ်အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်ကိုပါ လိုက်ပါခွင့်မပေးခဲ့ပါဘူး။ ပြီးခဲ့တဲ့ခြေစမ်းပွဲစဉ်ကို ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ကစားသမားတွေ သြစတြီးယားမှာ လေ့ကျင့်နေချိန်မှာ အိမ်ပြန်ခဲ့ပါတယ်။ 

ဟိုဝီက "အီဆက်က ဒီတစ်ပတ်မှာ လေ့ကျင့်ခန်းတွေလုပ်ခဲ့ပြီး အဆင်ပြေပါတယ်။ ဒါပေမဲ့ သူ့ကိုအန္တရာယ်မဖြစ်အောင်လို့ပါ၊ သူကစားမှာမဟုတ်ဘူးဆိုရင် ပရိသတ်တွေကြားမှာထိုင်နေရမှာပါ။ ဒီလိုဝေဖန်ခံနေရတာက ကစားသမားအတွက် မျှတမှုမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဟောင်းက အီဆက်အတွက် တရားဝင်ကမ်းလှမ်းမှုတွေ ဒီနွေရာသီမှာမရှိသေးဘူးလို့ အတည်ပြုပြောကြားခဲ့ပေမဲ့ ဘောလုံးလောကမှာ ကစားသမားတွေရဲ့အခြေအနေကို တိတိကျကျပြောဖို့ ခက်ခဲတယ်ဆိုတာကိုလည်း ဝန်ခံခဲ့ပါတယ်။ အီဆက်ဟာ နယူးကာဆယ်မှာ ပျော်ရွှင်နေပြီး အသင်းဖော်တွေကိုလည်း သဘောကျကာ လေ့ကျင့်ခန်းတွေမှာလည်း ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေပြသနေတယ်လို့ ဟိုဝီက ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။