The network connection is lost.

Banner Image

ဘိုင်ယန်ကိုပြောင်းရွှေ့တော့မယ့် အာဆင်နယ် နဲ့ မန်စီးတီးတို့ပစ်မှတ် လေဗာကူဆင်စတား

ဂျာမနီကလာတဲ့သတင်းတွေအရ အာဆင်နယ် နဲ့ မန်စီးတီးတို့က ပစ်မှတ်ထားနေတဲ့ လေဗာကူဆင်စတား ဝီရက်ဇ်တစ်ယောက် ဘိုင်ယန်ကိုပြောင်းဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဖော်ပြနေကြပါတယ်။ အာတီတာရဲ့အသင်းဟာ လွန်ခဲ့တဲ့ ၁ နှစ်ကတည်းက ဝီရက်ဇ်ရဲ့စွမ်းဆောင်ရည်ကို စောင့်ကြည့်နေတာဖြစ်ပြီး နွေရာသီမှာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက ဒီဘရိုင်းနေရာအတွက် ဝီရက်ဇ်နဲ့ မဖြစ်မနေအစားထိုးဖို့ လုပ်ဆောင်နေသလို အသင်းတာဝန်ရှိသူတွေကိုလည်း အခုနွေမှာခေါ်ယူပေးဖို့ တိုက်တွန်းထားခဲ့ပါတယ်။ လေဗာကူဆင် နဲ့ ဝီရက်ဇ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ မှာကုန်ဆုံးမှာဖြစ်ပြီး ပေါင် ၁၂၆ သန်းအထိ တောင်းဆိုဖွယ်ရှိနေပါတယ်။ဂျာမန်သတင်းဌာန BILD ကတော့ ဝီရက်ဇ်ဟာ ဘိုင်ယန်ကိုပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကာ နွေရာသီမှာ အပြီးသတ်ဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်ဟာ လေဗာကူဆင်ရဲ့တန်ကြေးအတိုင်းပေးချေဖွယ်မရှိပေမယ့် ပေါင် ၈၄ သန်းလောက်အထိ အသုံးပြုဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဝီရက်ဇ်ဟာ ဒီရာသီအသင်းအတွက် ၁၆ ဂိုးသွင်း ၊ ၁၃ ဂိုးဖန်တီးထားနိုင်ခဲ့ပြီး ဘိုင်ယန်ကိုမပြောင်းခင် ၁ နှစ်လောက်ဆက်နေနိုင်ချေရှိနေတယ်လို့ သိရပါတယ်။ လေဗာကူဆင်ဟာ မကြာခင်မှာ နည်းပြဖြစ်သူ အလွန်ဆိုနဲ့ လမ်းခွဲတော့မှာဖြစ်ပြီး သောကြာနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

အလွန်ဆိုဟာ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီနေရာမှာ အစားဝင်မှာဖြစ်ပြီး လာမယ့်ဇွန်လမှာ ကလပ်ကမ္ဘာ့ဖလားရှိနေတာကြောင့် ရီးရဲလ်က အလျင်အမြန်ပြင်ဆင်နေပါတယ်။ “အခုအပတ်မှာ ကျွန်တော် နဲ့ အသင်းကြား သဘောတူညီမှုရရှိခဲ့ပါပြီ။ အဲ့တာက ရာသီအကုန်မှာ ကျွန်တော်အသင်းကနေထွက်ခွာမှာပါ။ အခုအပတ်ထဲမှာ ကျွန်တော်တို့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။  အခုချိန်မှာတော့ အဲ့တာတွေကို ကြေညာရမယ့်အချိန်ကောင်းလို့ ထင်ပါတယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။