The network connection is lost.

Banner Image

အသင်းထံ တည်ငြိမ်မှုယူဆောင်လာခဲ့နိုင်လို့ ပျော်ရွှင်နေတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက အသင်းထံတည်ငြိမ်မှုယူဆောင်လာနိုင်ခဲ့လို့ ပျော်ရွှင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ အာတီတာဟာ အာဆင်နယ်အသင်းသမိုင်းတစ်လျှောက် နိုင်ပွဲအများဆုံးရယူနိုင်တဲ့နည်းပြတွေထဲကတစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်။

လက်ရှိအာဆင်နယ် နဲ့ အာတီတာတို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေပါတယ်။ “ကျွန်တော် မသိသေးပါဘူး။ အရိုးသားဆုံးပြောတာပါ။ အဲ့တာက ကျွန်တော်အသင်းအတွက် စီစဉ်ခဲ့တာရဲ့ ၂၀% တောင်မပြီးမြောက်သေးဘူးဆိုတာ အမှန်ပါ။ ကျွန်တော်ဒီကိုရောက်လာတာက အပြောင်းအလဲလုပ်ဖို့ပါ။ ကျွန်တော် အာဆင်နယ်ရောက်လာချိန်မှာ နောက်ထပ်အရန်ခုံကနေ အတွေ့အကြုံရလိုက်ပါတယ်။ အဲ့နေ့ကတည်းက ကွင်းထဲမှာ ခွန်အားတွေ ၊ အမှတ်အသားတွေ ကျဆင်းတာကို သတိထားမိခဲ့ပါတယ်။

အဲ့နောက် ကျွန်တော်အသင်းကို အရှေ့မျက်နှာစာကနေပါ အကုန်လုံးပြောင်းလဲရမယ်ဆိုတာကို ခံစားမိခဲ့ပါတယ်။ တစ်နေ့တည်းနိုင်ပွဲရတာမျိုး ဒါမှမဟုတ် ကစားဟန်ပြောင်းတာမျိုးမဟုတ်ပါဘူး။ အဲ့တာက အတွင်းပိုင်းကျကျပြောင်းလဲရတာပါ။ ကျွန်တော် ဒီအသင်းနဲ့အတူ လုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဂုဏ်ယူမိပါတယ်။
အားကစားပိုင်းဆိုင်ရာမှာလည်း အချက်အလက်တွေအပြင် ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂ ရာသီက ချန်ပီယံဖြစ်ဖို့ တော်တော်လေးနီးစပ်ခဲ့ပါတယ်။ ဆုဖလားတော်တော်များများအတွက် ကျွန်တော်တို့ စိန်ခေါ်နိုင်စွမ်းရှိနေပါပြီ။

ဆာလောင်မှု ၊ ရည်မှန်းချက်တွေက ဒီလိုအချိန်မှာ ကျွန်တော်တို့လုပ်ခဲ့တာတွေက မလုံလောက်ဘူးဆိုတာကို ပြသနေပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်အများကြီးတောင်းဆိုရပါမယ်။ တည်ငြိမ်မှုရအောင်လုပ်ဆောင်ဖို့ဆိုတာ အခက်ခဲဆုံးအရာပါ။ ဒါပေမယ့် ကျွန်တော်ပြောသလို အသင်းကို ကျွန်တော်တို့ တိုးတက်အောင်လုပ်နိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သမိုင်းတစ်လျှောက် အမြင့်ဆုံးအနေအထားလုပ်နိုင်ခဲ့ပေမယ့် အခုက အဲ့လောက်နဲ့ မလုံလောက်ဘူးဆိုတာကို ပြသနေပါတယ်။
အခြားအချိန်တွေမှာတော့ အချက်အလက်တွေအပြင်  ဆုဖလားတွေလည်းလိုအပ်ပါတယ်။ အခုတော့ အဲ့တာတွေမဟုတ်သေးပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။