The network connection is lost.

Banner Image

ညာနောက်ခံလူအဖြစ် ကစားရလည်း ပြဿနာမရှိပါဘူးလို့ ပြောကြားလိုက်တဲ့ ကင်မစ်ချ်

မာဇ်ရာအိုရီနှင့် ဘိုယီတို့ နှစ်ဦးစလုံးဒဏ်ရာ ရရှိနေချိန်မှာ ဗဟိုကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ ကင်မစ်ချ်ဟာ ညာနောက်တန်းမှာ ကစားပေးခဲ့ရတာဖြစ်ပြီး အဆိုပါနေရာက ကနဦးဘိုင်ယန်မြူးနစ်သို့ ရောက်စဉ် ကစားခဲ့တဲ့နေရာဖြစ်ပါတယ်။

မကြာခဏဆိုသလို ကစားသမားတွေက သူတို့နှစ်သက်တဲ့နေရာတွင် မကစားရပါက ကောင်းစွာတုန့်ပြန်ခြင်းမရှိသော်လည်း ဒါတွေဟာ ကင်မစ်ချ်အတွက်တော့ စိုးရိမ်စရာတော့မဟုတ်ပါဘူး။

"နည်းပြက ကျွန်တော့်ကို ဘယ်နေရာမှာ ထားလဲဆိုတာ ကျွန်တော် ကိုယ်တိုင်သိပါတယ်။ ညာဘက်မှာပဲဖြစ်ဖြစ် ကွင်းလယ်မှာပဲဖြစ်ဖြစ် ကွင်းထဲမှာ ကစားရတာ သက်တောင့်သက်သာရှိစေတယ်။ ဂိုးမသွင်းနိုင်တာ ဖြစ်နိုင်ပါတယ်" "ဘယ်နေရာပဲဖြစ်ဖြစ် ကစားရတာကို တကယ်ကို နှစ်သက်ပြီး အစွမ်းကုန် ကြိုးစားမှာပါ" လို့ ကစားရတဲ့နေရာနဲ့ ပတ်သက်ပြီး မေးရာတွင် ပွဲအပြီးမှာ ကင်မစ်ချ်က ဖြေကြားလိုက်ပါတယ်။

ညာနောက်တန်းတွင် ကင်မစ်ချ်က ခြေစွမ်းပြနေပြီး ကွင်းလယ်မှာ ဂရုက်ဇ်ကာနှင့် ပက်လိုဗစ်တို့က တွဲဖက်ကစားနေတာက ဘိုင်ယန်မြူးနစ်ပရိသတ်တွေ အတွက် သတင်းကောင်းဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ကွင်းလယ်တွင် ဂိုရက်ဇ်ကာအနေနဲ့ ခံစစ်ပိုင်းကို ပိုမိုလုပ်ဆောင်လာခြင်းကြောင့် အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်လို့လည်း ပြောလိုရပါတယ်။

ပက်လိုဗစ်က မိန့်ဇ်နှင့်ပွဲ မပါဝင်နိုင်ခဲ့သော်လည်း ကင်မစ်ချ်နှင့် ဂိုရက်ဇ်ကာတို့က ၂ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးခဲ့ကာ ဂိုရက်ဇ်ကာရဲ့ ဒုတိယဂိုးဟာ ကင်မစ်ချ်ရဲ့ ဖြတ်တင်ဘောမှ သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။

ဒီနည်းဗျူဟာအပြောင်းအရွှေ့ဟာ ပရိသတ်တွေ တော်တော်များများ ကာလကြာရှည်တောင်းဆိုခဲ့ကြတဲ့ အရာဖြစ်ပြီး ဘိုင်ယန်ရဲ့အခြားညာနောက်ခံလူ နေရာအတွက် ရွေးချယ်စရာတွေက အမြဲတမ်းအပြည့်ဖြစ်နေမယ်လို့ မျှော်လင့်ရပါတယ်။