The network connection is lost.

Banner Image

အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်နေတဲ့ အာတီတာ

အာဆင်နယ်နည်းပြအာတီတာက သူနဲ့ မြောက်လန်ဒန်ကလပ်အသင်းအကြား ဆက်ဆံရေး ခိုင်မြဲနေပြီး စာချုပ်သက်တမ်းတိုးမြှင့်နိုင်ရေးကိစ္စအပေါ် အတားအဆီးရှိလာလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း ပြောဆိုလိုက်ပါတယ်။

အသက်-၄၂ နှစ်အရွယ် စပိန်သားနည်းပြရဲ့စာချုပ်သက်တမ်းက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီပြီးဆုံးချိန်မှာ ကုန်ဆုံးဖို့ရှိနေပြီး ဘောလုံးရာသီသစ်မစတင်ခင် စာချုပ်သက်တမ်းတိုးမြှင့်သွားမယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။ အာတီတာက အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာနဲ့ နှစ်နှစ်ဆက် ရာသီသိမ်းနိုင်အောင် လမ်းညွှန်ပေးခဲ့ပါတယ်။

ESPN သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အာတီတာက “ လက်ရှိအချိန်မှာ စာချုပ်ကိစ္စနဲ့ပတ်သက်လို့ ထူးခြားမှုမရှိသေးပါဘူး။ ကျွန်တော် ဘယ်လောက်အထိ ပျော်ရွှင်နေသလဲ၊ ဒီနေရာကို ကျွန်တော် ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုတာနဲ့ ဒီကလပ်အသင်းကို ကိုယ်စားပြုရမှုအပေါ် ကျွန်တော် ဘယ်လောက်အထိကြိုက်နှစ်သက်သလဲဆိုတာတွေကတော့ မပြောင်းမလဲ တသမတ်တည်း ရှိနေပါတယ်။ အရာရာတိုင်းက သဘာဝကျကျဖြစ်ပေါ်နေပြီး ကျွန်တော်တို့အကြားမှာလည်း ဆက်ဆံရေးပိုင်း ကောင်းမွန်နေတာကြောင့် ပြဿနာရှိလာလိမ့်မယ်လို့ ကျွန်တော် မခန့်မှန်းမိပါဘူး။ ဒါပေမယ့် ကိစ္စတိုင်းက မှန်ကန်တဲ့နည်းလမ်းအတိုင်း ဖြစ်လာဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ စာချုပ်သစ်ကိစ္စ ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။