The network connection is lost.

Banner Image

မန်စီးတီးနဲ့ပွဲကြောင့် ပင်ပန်းနွမ်းနယ်နေတယ်ခဲ့တယ်လို့ အာတီတာ ထုတ်ဖော်ပြောကြား

ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲမှာ နယူးကာဆယ်ကို အရေးနိမ့်ခဲ့ပြီးနောက် မိမိတို့အသင်းဟာ မန်စီးတီးနဲ့ပွဲက အရှိန်ကြောင့် ပင်ပန်းနေခဲ့တယ်လို့ အာတီတာက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ နယူးကာဆယ်ကို ၂ ကျော့ပေါင်းရလဒ် ၄ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယအကျော့မှာလည်း မာဖီ ၊ ဂေါ်ဒွန်တို့ရဲ့ဂိုးတွေနဲ့ အရေးနိမ့်ခဲ့ပါတယ်။

ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ နယူးကာဆယ်အသင်းဟာ အခြားတစ်ဖက်မှာ လီဗာပူး ဒါမှမဟုတ် တော့တင်ဟမ်နဲ့ ဝင်ဘာလေမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။အာဆင်နယ်ဟာ ၄၁ ရက်အတွင်းမှာ ၁၂ ပွဲအထိ ကန်ခဲ့ရတာဖြစ်ပြီး အခုလည်း မန်စီးတီးနဲ့ပွဲက ပင်ပန်းနွမ်းနယ်မှုကြောင့် နယူးကာဆယ်နဲ့ပွဲကို အရေးနိမ့်ခဲ့တယ်လို့ အာတီတာက ထောက်ပြခဲ့ပါတယ်။

“ကျွန်တော်တို့ အခုရှုံးပွဲကို မေ့ပစ်ဖို့ လိုအပ်ပါတယ်။ ဒီပွဲက ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော် မျှော်လင့်ချက်အများကြီးထားခဲ့တာပါ။ ခက်ခဲမယ်ဆိုတာလည်း သိနေပြီးသားပါ။ လန်ဒန်မြေမှာ အရေးနိမ့်ခဲ့ကတည်းက ကျွန်တော်တို့ ခက်ခဲမယ်ဆိုတာ သိနေခဲ့ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိတော့ပါဘူး။ အခုရှေ့ဆက်သွားရပါမယ်။ ပထမဆုံးအနေနဲ့ အခုအရေးနိမ့်မှုက နာကျင်ရပါတယ်။ ဒူဘိုင်းမှာ ကျွန်တော်တို့ အားပြန်ဖြည့်ပါမယ်။ ဘာလို့လဲဆိုတော့ ပွဲတွေအများကြီးကန်ဖို့ ကျန်နေပါသေးတယ်။

စီးတီးနဲ့ပွဲအရှိန်ကြောင့် ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းနေခဲ့ပါတယ်။ကျွန်တော်တို့ ပွဲအများကြီးကန်ထားခဲ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာက အဆင်ပြေပေမယ့် မတူညီတဲ့ပွဲဖြစ်ခဲ့ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်ဟာ အခုနိုင်ပွဲကြောင့် ၅၆ နှစ်အတွင်း ပထမဆုံးဆုဖလားရယူနိုင်ဖို့ အခွင့်အရေးရှိလာခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ လက်စတာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။