The network connection is lost.

Banner Image

စကယ်လီကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ နောက်ခံလူ စကယ်လီကို ကာလရှည်စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီလို့ ကြာသပတေးနေ့တုန်းက အတည်ပြု လိုက်ပါတယ်။ အသက် ၁၈ နှစ်သားဟာ လူငယ်အသင်းကနေတိုးတက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အာတီတာလက်အောက်မှာ ဘယ်နောက်ခံလူအဖြစ် ၃၉ ပွဲအထိပါဝင်ခဲ့သလို အင်္ဂလန်စီနီယာအသင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။

စကယ်လီရဲ့စာချုပ်သက်တမ်းက ၂၀၂၆ မှာကုန်ဆုံးမှာဖြစ်ပြီး အခုတော့ ကာလရှည်စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။အာဆင်နယ်ဘက်က ဘယ်လောက်ချုပ်ဆိုလဲဆိုတာကို မဖော်ပြပေမယ့် သတင်းတွေအရ ၅ နှစ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ 

“ကျွန်တော် အရမ်းဂုဏ်ယူသလို အရမ်းလည်းပျော်ပါတယ်။ ဒီစကားလုံးတွေက ရိုးရှင်းတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီအသင်းနဲ့စာချုပ်သက်တမ်းတိုးရတာကို ဘယ်လိုခံစားရလဲဆိုတာ မြင်နိုင်ပါတယ်။ ကျွန်တော် ဒီအသင်းပရိသတ်တစ်ဦးဖြစ်သလို အဲ့တာက အိပ်မက်တွေအမှန်တကယ်ဖြစ်လာသလိုပါပဲ။ ကျွန်တော် ဟေးအန့်တ်ကနေ အဆင့်ဆင့်တက်လာခဲ့ရတာပါ။ ရှေ့မှာနှစ်တွေအများကြီးကျန်နေပါသေးတယ်။ ကျွန်တော်နှိမ့်ချပြီး အကောင်းဆုံးလူသားတစ်ဦးဖြစ်အောင်လုပ်ဆောင်ဖို့က အရေးကြီးတဲ့အရာပါ။ ကျွန်တော်ပွဲတွေကနေ အတွေ့အကြုံတွေအများကြီးယူနိုင်ခဲ့ပါပြီ။ အမှားတွေလည်း လုပ်မိတာတွေရှိခဲ့ပါတယ်။

ကျွန်တော်အခု လာမယ့်ရာသီသစ်အတွက်အဆင်သင့်ဖြစ်နေပါပြီ။ ဆက်လက်သင်ယူရင်း တိုးတက်ချင်ပါတယ်။ ကျွန်တော်ဂန္ထဝင်တစ်ဦးဖြစ်ချင်ပါတယ်။ အရာအားလုံးလည်း အနိုင်ရချင်ပါတယ်။ ဆုဖလားအောင်မြင်မှုတွေလည်း ယူချင်သလို ကျွန်တော်အမြဲတမ်းသင်ယူတဲ့သူတစ်ဦးဖြစ်ချင်ပါတယ်”လို့ စကယ်လီက ဖြေကြားခဲ့ပါတယ်။

စကယ်လီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်နောက်ဆုံး ၂၁ ပွဲမှာ ၁၉ ပွဲအထိ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဲ့နောက် စီးတီးကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စကယ်လီဟာ အာဆင်နယ်အတွက် ပထမဆုံးဂိုးကိုသွင်းယူနိုင်နိုင်ခဲ့သလို အာတီတာ နဲ့ အသင်းဖော်တွေရဲ့ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။ အသင်းဖော် ဒီကလန်ရိုက်စ်ကလည်း အသက် ၁၈ နှစ်သားရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားလိုက်သလို စွမ်းဆောင်ရည်ကောင်းတွေကြောင့် အင်္ဂလန်စီနီယာအသင်းမှာပါဝင်ခွင့်ရရှိခဲ့ပြီး အယ်လ်ဘေးနီးယားကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ နိုင်ငံအသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။