The network connection is lost.

Banner Image

ပုံစံကောင်းပြသနေတဲ့ ကြယ်ပွင့်ကစားသမားကို စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတဲ့ အာဆင်နယ်

အသက် ၃၂ နှစ်အရွယ် အီတလီကွင်းလယ်ကစားသမားဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးကနေ အာဆင်နယ်သို့ ပြောင်းရွှေ့လာခဲ့ပြီး ယခုအချိန်အထိ ပြိုင်ပွဲစုံ ၄၁ ပွဲကစားကာ ၁ ဂိုး သွင်းယူပေးထားတာဖြစ်ပါတယ်။
 
ဝင်ဘာလေမှာ ကစားခဲ့တဲ့ ယူရို ၂၀၂၀ တွင် ချန်ပီယံဖြစ်ခဲ့တဲ့ နာပိုလီကစားသမားဟောင်းကို ဂန်နားနည်းပြ အာတီတာက သဘောကျခဲ့ပြီး အမ်းမရိတ်ရှိ လူငယ်အသင်းတစ်သင်း အတွက် များစွာလိုအပ်တဲ့ အတွေ့အကြုံတွေကို သူက ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးတွင် ၅ နှစ်ကြာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့တဲ့ ဂျော်ဂျင်ဟိုနှင့် ဆွေးနွေးမှုများလုပ်သွားမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးရန်ရွေးချယ်ခွင့်ပါရှိတဲ့ ၁ နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် စီစဉ်ထားနေတယ်လို့ သိရပါတယ်။
 
စနေနေ့က နယူးကာဆယ်အား ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အတွက် အကောင်းဆုံးပုံစံ ပြသခဲ့သလို မကြာသေးမီက လီဗာပူးအား ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ခြေစွမ်းပြသခဲ့ပါတယ်။
လက်ရှိအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းကို အနိုင်ယူပြီးနောက်မှာတော့ အာတီတာဟာ အသင်းရဲ့ကွင်းလယ်အတွက် စိတ်တည်ငြိမ်မှုနဲ့ အတွေ့အကြုံတွေကို ပေါင်းထည့်ထားတဲ့ ကစားသမားတစ်ဦးကို ချီးကျူးခဲ့ပါတယ်။
 
"သူရဲ့လုပ်ဆောင်ပုံက မယုံနိုင်စရာပါပဲ။ သူဟာ စံနမူနာပြ အားလုံးစံထားရမယ့်သူလို့ ကျွန်တော် အမြဲပြောလေ့ရှိပါတယ်" "သူ့မှာ လနဲ့ချီတဲ့ ဒဏ်ရာတွေရှိခဲ့လို့ ဝေဒနာတွေ တော်တော် ခံစားနေရပါတယ်။ ဒါကိုတောင် သူက မရပ်တန့်ချင်ခဲ့ပါဘူး။ အဲဒါနဲ့ပဲသူက ဆက်ကစားနေခဲ့ပါတယ်။ လေ့ကျင့်ရေးမှာလည်း အမြဲတမ်း ပထမဆုံးဝင်ပြီး နောက်ဆုံးမှ ထွက်ခွာသူဖြစ်ပါတယ်" "ကလပ်မှာရှိတဲ့ လူငယ်ကစားသမားတွေအားလုံးအတွက် တစ်စုံတစ်ယောက်ကို ကြည့်ချင်ရင် သူ့ကိုပဲ ကြည့်လိုက်ပါ။ သူက အရာအားလုံးကို အောင်နိုင်ထားသူဖြစ်ပေမယ့် မင်းသူ့ကို မကစားဖို့ ဒါမှမဟုတ် တစ်မိနစ်လောက် မကစားခိုင်းရင်တောင် သူက အဲဒီကို သွားရတာ ပျော်နေတဲ့သူပါ" "အချိတ်အဆက်မိမိနဲ့ မိနစ် ၉၀ အထိကစားခိုင်းမယ်ဆိုရင်လည်း သူလုပ်နိုင်ပါတယ်။ ဒီလိုကစားသမားတွေရှိလို့ ကျွန်တော် တကယ်ကံကောင်းပါတယ်" "ဒါဟာ ကျွန်တော့်စိတ်ထဲမှာ စွဲနေတဲ့ ပွဲတစ်ခုပါပဲ။ သူ့ကို ဘယ်လောက် လိုအပ်မလဲ ဆိုတာကို တွေးကြည့်မိပါတယ်။ သူက တကယ်ကို ဉာဏ်ရည်ထက်မြက်တဲ့ ကစားသမားတစ်ယောက်ပါ၊ သူ့ရဲ့ အကြီးမားဆုံး အရည်အသွေးက သူ့ပတ်ဝန်းကျင်က လူတွေကို ပိုကောင်းအောင်လုပ်ပေးတာပါပဲ" "သူက လူတိုင်းနဲ့ ချိတ်ဆက်ပေးတယ်။ သူက အကောင်းဆုံးကစားသမားပဲလို့ ကျွန်တော်ထင်ပါတယ်" လို့ အာတီတာက ပြောပါတယ်။