
တန်ကြေးက မိမိကိုဖိအားမဖြစ်စေကြောင်း အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ် အခိုင်အမာဆို
အာဆင်နယ်အသင်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းကနေ အာဆင်နယ်ထံပြောင်းလာပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေဆက်တိုက်ပြသနေတာဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလန်သားဟာ London Awards ဆုပေးပွဲမှာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အင်တာဗျူးမှာ အာဆင်နယ်စတားက သူ့ရဲ့လက်ရှိစွမ်းဆောင်ရည်အတွက် အံ့အားသင့်မှုမရှိကြောင်း အခိုင်အမာပြောကြားခဲ့သလို အခုစွမ်းဆောင်ရည်ဟာ ဝက်စ်ဟမ်းမှာ စွမ်းဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်နဲ့အတူတူပဲလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“ကျွန်တော် အရိုးသားဆုံးပြောပါမယ်။ အချို့လူတွေက ကျွန်တော်ခြေစွမ်းပြမယ်လို့ မထင်ကြပါဘူး။ မှန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အံ့အားသင့်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် အခုကစားနေတာက ဝက်စ်ဟမ်းမှာကစားပြနေတဲ့စွမ်းဆောင်ရည်နဲ့အတူတူပါပဲ။
ဝက်စ်ဟမ်းကပေးခဲ့တဲ့ ယုံကြည်မှု နဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ယုံကြည်မှုပိုရှိလာစေပါတယ်။ အဲ့တာက ပရီးမီးယားလိဂ်ထိပ်တန်းကစားသမားဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုလည်း ရှိပါတယ်။
ဒါပေမယ့် အရေးအကြီးဆုံးက ကျွန်တော့်ကိုယ်ကျွန်တော်ပါ။ ဘာမှမပြောင်းလဲပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကိုပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့တာကြောင့်ပါ။
ဘာမှမပြောင်းလဲသလို ကျွန်တော့်ကိုယ်ကျွန်တော်ပဲ ယုံကြည်မှုရှိပါတယ်။ အခြေအနေတွေက အဆင်ပြေပါတယ်။ အကောင်းဆုံအနေအထားဆက်ဖြစ်နေသလို ကျွန်တော် အာဆင်နယ်နဲ့ ၆ နှစ်စာချုပ်ချုပ်ဆိုထားသလို အသင်းနဲ့လည်း ကာလရှည်ဆက်သွားချင်ပါတယ်”လို့ ရိုက်စ်က ပြောကြားခဲ့ပါတယ်။
လက်ရှိရာသီမှာ အသက် ၂၅ နှစ်သားဟာ ပြိုင်ပွဲစုံ ၃၆ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၄ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ ၆ ပွဲဆက်အနိုင်ရရှိခဲ့တဲ့ပွဲတုန်းက အဓိကကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး လီဗာပူး နဲ့ ၂ မှတ်အကွာ ၊ မန်စီးတီးနဲ့ ၁ မှတ်အကွာ အာဆင်နယ်ကို အဆင့် ၃ နေရာမှာ ရပ်တည်စေခဲ့ပါတယ်။
အာတီတာရဲ့အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နိုင်ပွဲဆက်စံချိန်ရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး လာမယ့်တနင်္လာနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။