
ချန်ပီယံပြေးလမ်းမှာ အကောင်းဆုံးရှေ့ဆက်နေတဲ့ လီဗာပူး
မန်စီးတီး ဝ-၂ လီဗာပူး (ပွဲပြီးရလဒ်)
ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းနှစ်ခုထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ နှစ်ဖက်အသင်းနည်းပြတွေရဲ့ နည်းဗျူဟာပိုင်းပြိုင်ဆိုင်မှုတွေနဲ့ အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းပွဲချိန်အပြီး မိုဆာလက်၊ ဆိုဘိုဆလိုင်းတို့ရဲ့သွင်းဂိုးတွေနဲ့ ပြိုင်ဘက်ကိုဦးဆောင်ထားနိုင်တဲ့ လီဗာပူးက ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ အမှားအယွင်းမခံတော့ဘဲ ခံစစ်ကိုသာ အာရုံစိုက်ကစားလာခဲ့ပါတယ်။ တဖက်မှာလည်း အိမ်ရှင်မန်စီးတီးက လိုအပ်နေတဲ့သွင်းဂိုးတွေရရှိနိုင်ရေး အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ပေမယ့် စုစည်းကျစ်လစ်နေတဲ့လီဗာပူးအသင်းခံစစ်ပိုင်းကို ကျော်ဖြတ်ဖို့အတွက် အဖြေမရှာနိုင်ခဲ့ပါဘူး။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လီဗာပူးက အနီးဆုံးပြိုင်ဘက်အာဆင်နယ်ထက် တစ်ပွဲပို၊ ၁၁ မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ပြတ်ပြတ်သားသားရပ်တည်နိုင်ခဲ့ပါတယ်။