The network connection is lost.

Banner Image

ယခုအချိန်မှာပဲ အခွင့်အရေးရှိနေတာပါလို့ စတာလင်ကို သတိပေးလိုက်တဲ့ အိုင်ယန်ရိုက်စ်

ကိုင်ဟာဗတ်ဇ်က တံကောက်ကြောဒဏ်ရာကြောင့် ရာသီကုန်အထိ နားရတော့မှာဖြစ်ပြီး ထိုအချက်ဟာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု မျှော်လင့်ချက်များကို ကြီးမားစွာ ထိခိုက်စေခဲ့ပါတယ်။ အာဆင်နယ်ဂန္တဝင် အိုင်ယန်ရိုက်စ် က စတာလင် အနေဖြင့် ကိုင်ဟာဗတ်ဇ်ရဲ့နေရာကို အစားထိုးရန် ယခုအချိန်က သူ့အတွက် အခွင့်အရေးဖြစ်ကြောင်း အာဆင်နယ်ရဲ့ လက်စတာစီးတီး နှင့်ပွဲစဉ်မတိုင်မီ ပြောကြားခဲ့ပါတယ်။

စတာလင်ဟာ ချဲလ်ဆီးကနေ တစ်ရာသီအငှားဖြင့် ခေါ်ယူထားတဲ့ ကစားသမားဖြစ်ပြီး အာဆင်နယ်တွင် စွမ်းဆောင်ရည်ကောင်း မပြသနိုင်တာပါ။ လီဗာပူးတိုက်စစ်မှူးဟောင်း ကော်လီမို က သူ့အား ရာသီရဲ့ ရှုံးနိမ့်သူ လို့ ရက်စက်စွာ သတ်မှတ်ခဲ့ပါတယ်။ စတာလင်ဟာ ပွဲစဉ် ၁၈ ပွဲတွင် ၁ ဂိုး နှင့် ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ထားနိုင်ပြီး ဒဏ်ရာများနှင့် ပုံမှန်ကစားချိန်မရရှိမှုများကြောင့် အာတီတာရဲ့လက်ထက်တွင် အများအားဖြင့် နောက်ဆုံးမိနစ်များတွင်သာ ကစားခွင့်ရခဲ့ပါတယ်။

"သူ့အတွက် အခွင့်အရေးရှိနေပြီ" လို့ ရိုက်စ်က Stick to Football အစီအစဉ်တွင် ပြောကြားခဲ့ပါတယ်။ "ဒီအချိန်မှာ သူအနေဖြင့် အာရုံစိုက်ပြီး ငါဒါကို အောင်မြင်အောင် လုပ်ရမယ်လို့ ပြောရမည့်အချိန်ဖြစ်ပါတယ်။ အဲ့လိုမှမဟုတ်ပါက သူ့အနေနဲ့ တိတ်တဆိတ် ထွက်ခွာသွားရပါလိမ့်မယ့်"

"နောက်ဆုံးကစားခဲ့တဲ့ ယူနိုက်တက်နှင့်ပွဲတွင် သူက တိုတောင်းသောအချိန်အတွင်း တစ်ခုခုလုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ထိုသို့သော စွမ်းဆောင်ရည်ကို ပရိသတ်များက မြင်လိုသလို မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့ မကျေနပ်သံများကို ကြားနိုင်ပါတယ်။ ဒါကြောင့် သူက အပြုသဘောဆောင်တဲ့ အရာတစ်ခုခုမလုပ်နိုင်ပါက ထိုမကျေနပ်သံများကို ကြားရမှာဖြစ်ပြီး အခြေအနေကလည်း ကောင်းမှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

စတာလင်ဟာ လက်ရှိရာသီတွင် စွမ်းဆောင်ရည်ကောင်းမပြသနိုင်ခဲ့သော်လည်း ကွင်းပြင်ပတွင် သူ့ရဲ့အတွေ့အကြုံနှင့် ဩဇာလွှမ်းမှုကို အမ်မရိတ်တွင် အမြတ်တနိုးထားလျက်ရှိပါတယ်။ စတာလင်ဟာ အသင်းဟောင်း မန်စီးတီး နှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ၄ ကြိမ်ရရှိခဲ့သူဖြစ်ပြီး အာဆင်နယ်ရဲ့ အဝတ်လဲခန်းတွင် နာမည်ရထားသူလို့လည်း ယူဆရပါတယ်။

အင်္ဂလန်အသင်းအတွက် ၈၂ ကြိမ်ကစားခဲ့တဲ့ စတာလင်ဟာ ဇန်နဝါရီဈေးကွက်တွင် ချဲလ်ဆီးသို့ ပြန်လည်ရောက်ရှိမယ်လို့ ပြောဆိုမှုများရှိခဲ့သော်လည်း အာဆင်နယ်တွင်သာ ဆက်လက်ရှိနေပြီး ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံဆုကို ရရှိရန် ကူညီလိုကြောင်း ပြောကြားခဲ့ပါတယ်။ ယခုအစောပိုင်းတွင် ယူနိုက်တက် ကစားသမားဟောင်း လီရှပ်က စတာလင်ဟာ ရာသီရဲ့အရေးကြီးတဲ့အဆင့်သို့ ရောက်ရှိလာချိန်တွင် အာဆင်နယ်ရှိ သူ့ကစားသမားဘဝကို ပြန်လည်တည့်မတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

"သူက အာတီတာ မျှော်လင့်ထားတဲ့အတိုင်း စွမ်းဆောင်ရည်မပြသနိုင်ခဲ့သော်လည်း အရည်အချင်းရှိကြောင်းတော့ ပြသခဲ့ပါတယ်" လို့ လီရှပ်က Texas Pokerသို့ ပြောကြားခဲ့ပါတယ်။ "ပွဲထွက်စာရင်းမှာ အဘယ်ကြောင့် ရွေးချယ်ခြင်းမခံရတာကိုတော့ သေချာမသိပါဘူး။ အာတီတာက လေ့ကျင့်ရေးတွင် တစ်ခုခုမြင်ခဲ့ခြင်း သို့မဟုတ် အခြားအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်"

“သူက ကွင်းအတွင်းမှာ စွမ်းဆောင်ရည်ပြသနိုင်တာကို ကျွန်တော်တို့သိသော်လည်း ထိုစွမ်းဆောင်ရည်ကို ထုတ်ယူရန်သာ လိုအပ်ပါတယ်" "ဒီရာသီတွင် သူ့အကြောင်းကို နောက်ထပ်ကြားရဦးမယ်လို့ ကျွန်တော်ထင်မိပါတယ်" လို့ လီရှပ်က ပြောပါတယ်။ သို့သော် အာဆင်နယ်က ၂၀၂၄-၂၅ ရာသီကုန်တွင် စတာလင်ကို အပြီးသတ်ခေါ်ယူဖို့ ဆုံးဖြတ်ပါက ရိုက်စ်ကတော့ အံ့အားသင့်မှာဖြစ်ပါတယ်။ "စတာလင်က ခက်ခဲသောကာလကို ဖြတ်သန်းနေရပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့က သူ့ကို ရေရှည်စာချုပ်မချုပ်ရန် ဆုံးဖြတ်မယ်လို့ ထင်ပါတယ်" လို့ ရိုက်စ်က ပြီးခဲ့သည့်လက ပြောကြားခဲ့ပါတယ်။