The network connection is lost.

Banner Image

ဘီလ်ဘာအိုစတားအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ချဲလ်ဆီးကို သတိပေးလိုက်တဲ့ ဘာစီလိုနာ

ဘာစီလိုနာဥက္ကဌ လာပေါ်တာက မိမိတို့အသင်းဟာ နီကိုဝီလီယံကိုခေါ်ယူနိုင်ဖို့ ဘဏ္ဍာရေးအခြေအနေအဆင်ပြေကြောင်း ချဲလ်ဆီးကို သတိပေးလိုက်ပါတယ်။

အသက် ၂၁ နှစ်သားဟာ ပြီးခဲ့ရာသီတုန်းက ဘီလ်ဘာအိုအသင်းနဲ့အတူ တောက်ပခဲ့တာဖြစ်ပြီး လာလီဂါမှာ ၅ ဂိုးသွင်း ၊ ၁၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူရို ၂၀၂၄ မှာလည်း စပိန်အသင်းနဲ့အတူ တောက်ပနေတာဖြစ်ပြီး လာမယ့်အင်္ဂါနေ့မှာ ပြင်သစ်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဝီလီယံကို အသင်းတော်တော်များများက စိတ်ဝင်စားနေပြီး အာဆင်နယ် ၊ ချဲလ်ဆီး နဲ့ ဘာစီလိုနာတို့က ဆွေးနွေးနေပါတယ်။ ဘီလ်ဘာအိုနဲ့ ဝီလီယံတို့ကြား စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၆ သန်း ရှိနေပြီး ဘာစီလိုနာက ဘဏ္ဍာရေးအခြေအနေက မတတ်နိုင်ဘူးလို့ ထင်မြင်နေကြပါတယ်။  ဒါပေမယ့်လည်း လာပေါ်တာကတော့ မိမိတို့အသင်းဟာ ဝီလီယံကိုခေါ်ယူနိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“စီးပွားရေးပိုင်းအရ ကျွန်တော်တို့ နီကိုဝီလီယံကိုခေါ်ယူနိုင်ချေရှိပါတယ်။ နီကိုက ကျွန်တော်တို့ကြိုက်တဲ့ကစားသမားမျိုးပါ။ သူ့ကိုအများကြီးကြိုက်ပါတယ်။ ဖလစ်နဲ့လည်း ဖြစ်နိုင်ချေကစားသမားတွေကိုခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ အခုတော့ ဒေကိုက ကစားသမားခေါ်ယူရေးအတွက် လုပ်ဆောင်နေပါပြီ။ ကျွန်တော်တို့မှာ ဘဏ္ဍာရေးအခြေအနေနဲ့ပတ်သက်ပြီး သတင်းကောင်းတွေရှိပါတယ်။ လာလီဂါရဲ့ဘဏ္ဍာရေးစည်းမျည်းနဲ့ကိုင်ညီမှုရှိပါတယ်။ မကြာခင်မှာ အပြောင်းအရွှေ့သတင်းကောင်းတွေကြားရဖို့ရှိပါတယ်”လို့ လာပေါ်တာက ပြောကြားခဲ့ပါတယ်။

နီကိုဝီလီယံကတော့ သူ့အနေနဲ့ ယူရိုမပြီးခင်အထိ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်မှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။