ဘရန့်ဖို့ဒ် နိုင်ပွဲက ခက်ခဲခဲ့တယ်လို့ အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ် ထုတ်ဖော်ပြောကြား
အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်တစ်ယောက် ကာလရှည်စောင့်ဆိုင်းနေတဲ့ ပွဲထွက်ခွင့်ပြန်လည်ရရှိခဲ့ပေမယ့် ဝီလ်ဆာရဲ့ချေပဂိုးကို အမှားလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကိုင်ဟားဗက်ဇ်က နောက်ကျအနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၃ မှတ်ပြည့်ရယူပေးနိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်သားဟာ ရာယာတစ်ယောက် မိခင်အသင်းနဲ့ပွဲမှာ မပါဝင်နိုင်ချိန် အာဆင်နယ်ဂိုးပေါက်ကို တာာဝန်ယူခဲ့ရတာဖြစ်ပါတယ်။
ဘုန်းမောက်စတားဟောင်းဟာ ဒီရာသီလိဂ်ပွဲ ၆ ပွဲသာ ပွဲထွက်ခွင့်ရရှိထားပြီး အင်စတာဂရမ်ကနေတစ်ဆင့် “ဒီအသင်းက ချစ်စရာကောင်းတဲ့အသင်းပါ။ ဒီပွဲက ခက်ခဲပါတယ်။ ဒါပေမယ့် ပြန်လာနိုင်တာက တကယ့်ထူးရှယ်ပါ။ အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုက တကယ့်အံ့ဖွယ်ပါ”လို့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။
အင်္ဂလန်သားဟာ အမှားလုပ်ခဲ့ပေမယ့် အာဆင်နယ်အတွက် အရေးပါတဲ့ ကာကွယ်မှုတွေပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ရာယာရောက်လာတာကြောင့် ရမ်စ်ဒဲလ်အနေနဲ့ ပွဲထွက်ခွင့်မသေချာတော့ပဲ နွေရာသီမှာ အသင်း ပြောင်းဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
အာတီတာကတော့ အသင်းအပေါ်အားစိုက်ထုတ်ပေးတဲ့ ရမ်စ်ဒေးလ်ရဲ့စွမ်းဆောင်ရည်ကို သဘောကျနေဆဲဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့်အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ပေါ်တိုအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့တုန်းက ၁-၀ နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။