
လုပ်ခလစာလျော့ချဖို့ စတားတစ်ဦးကိုရောင်းထုတ်ဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်
သတင်းတွေအရ အာဆင်နယ်အသင်းဟာ လုပ်ခလစာလျော့ချဖို့ ပြင်ဆင်နေပြီး မာတီနယ်လီကိုရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အဓိကကစားသမားတော်တော်များများကို ဆက်ထိန်းထားဖို့ လုပ်ဆောင်နေတာဖြစ်ပြီး မာတီနယ်လီအခြေအနေက မသေချာသေးတာဖြစ်ပါတယ်။
အခုနွေရာသီမှာ အာဆင်နယ်ဟာ အလုပ်များနေပြီး လာမယ့်ရာသီသစ်မှာ ဆုဖလားအောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ တိုင်းမ်စ်သတင်းဌာနကတော့ အာဆင်နယ်ဟာ မာတီနယ်လီကိုရောင်းထုတ်ပြီး လုပ်ခလစာလျော့ချဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အက်သလက်တစ်သတင်းဌာနကတော့ အာဆင်နယ်အနေနဲ့ မာတီနယ်လီကို ပေါင်သန်း ၅၀ လောက်နဲ့ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
မာတီနယ်လီ နဲ့ အာဆင်နယ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိကျန်ရှိနေပြီး ၁ နှစ်ထပ်မံသက်တမ်းတိုးခွင့်လည်း စာချုပ်ထဲမှာ ပါရှိတာဖြစ်ပါတယ်။ တကယ်လို့သင့်တော်တဲ့ကမ်းလှမ်းမှုရလာမယ်ဆိုရင် အာဆင်နယ်ဟာ မာတီနယ်လီကိုရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိမှာ အာဆင်နယ်အနေနဲ့ ဇင်ချန်ကို ၊ နယ်လ်ဆင်တို့လည်း ရောင်းထုတ်ဖို့ ပြင်ဆင်နေသလို ခီဗီယော ၊ ဗီအဲရာ ၊ လိုကွန်ဂါ နဲ့ အခုမာတီနယ်လီအခြေအနေပါ မသေချာသေးတာဖြစ်ပါတယ်။
အာဆင်နယ်ဘက်က မာတီနယ်လီကိုရောင်းထုတ်ပြီး တောင်ပံကစားသမားတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပြီး ပစ်မှတ်တော်တော်များများကို ချိတ်ဆက်နေပါတယ်။ တိုက်စစ်ပိုင်းအတွက်ကတော့ ရွေးချယ်နေဆဲဖြစ်ပြီး ယိုကရက်စ် နဲ့ ဆက်စ်ကို ဘယ်သူ့ခေါ်မလဲဆိုတာ သေချာမသိရသေးတာဖြစ်ပါတယ်။ အာတီတာကတော့ ရာသီကြိုခရီးစဉ်မတိုင်ခင် အဓိကကစားသမားတော်တော်များများကို အရခေါ်ယူချင်နေတယ်လို့ သိရပါတယ်။