The network connection is lost.

Banner Image

ယူရို သန်း ၂၀ တန် ပစ်မှတ်အစား ခရစ္စတီယန် နော်ဂတ်ကို ခေါ်ယူလိုတဲ့ အာတီတာရဲ့ အကြောင်းပြချက်

သောမတ်စ် ပါတေးက လကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တညကြောင့် ဂန်နာတို့က အတွေ့အကြုံအရှိဆုံး ဗဟိုကွင်းလယ်လူကို အစားထိုးရန် လျင်မြန်စွာ လုပ်ဆောင်ခဲ့ပါတယ်။ မီခယ် အာတီတာက ဂါနာလက်ရွေးစင်အား စာချုပ်သစ် ချုပ်ဆိုရန် ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ အထူးသဖြင့် ဂျော်ဂျင်ဟိုက ဖလာမင်ဂိုသို့ ပြောင်းရွှေ့သွားပြီဖြစ်သော်လည်း အသက် ၃၁ နှစ်အရွယ် ကစားသမားက စိန်ခေါ်မှုအသစ်ကို ရှာဖွေလိုနေပါတယ်။

အာဆင်နယ်က လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး နော်ဂတ်အတွက် ကနဦး ပေါင် ၁၀ သန်းနှင့် စွမ်းဆောင်ရည်အလိုက် ပေါင် ၅ သန်း ထပ်ဆောင်းကြေးတို့ ပါဝင်တဲ့ ပြောင်းရွှေ့ကြေးကို သဘောတူညီရန် နီးစပ်နေပြီဖြစ်ပါတယ်။ BBC Sport ရဲ့ ဖော်ပြချက်အရ ဆီဗီလာမှ လူစီယန် အာဂူးမဲဟာ အာဆင်နယ် စောင့်ကြည့်နေတဲ့စာရင်းတွင် ပါဝင်နေခဲ့သော်လည်း အာတီတာက နော်ဂတ်ကို ခေါ်ယူရန် တွန်းအားပေးခဲ့ခြင်း ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြက ဂျော်ဂျင်ဟိုနှင့် ပါတေးတို့ ထွက်ခွာသွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကွက်လပ်ကို ဖြည့်ဆည်းရန် ပရီးမီးယားလိဂ်တွင် အသင့်ဖြစ်နေတဲ့ ကစားသမားတစ်ဦးကို လိုချင်ခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ကစားသမားတစ်ဦးရဲ့ အလားအလာကို လောင်းကြေးထပ်ရန် မလိုချင်ခဲ့ပါဘူး။ နော်ဂတ်ထံမှ အာဆင်နယ် မည်သို့မျှော်လင့်နိုင်သည်ဟူသော အချက်နှင့်ပတ်သက်၍ ယခုနှစ်အစောပိုင်းတွင် စာချုပ်သစ်ချုပ်ဆိုပြီးနောက် သူ့ရဲ့ ကစားသမားဟောင်းကို တော့တင်ဟမ်နည်းပြဖြစ်နေပြီဖြစ်တဲ့ သောမတ်စ် ဖရန့်ခ်က ချီးကျူးဂုဏ်ပြုခဲ့ရာ ကစားသမားရဲ့ အရည်အချင်းများကို ပြောကြားခဲ့ပါတယ်။

"ဒီစာချုပ်အသစ်က ကျွန်တော်တို့အတွက်ရော ခရစ်စတီယန်အတွက်ပါ လွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါပဲ" လို့ ထိုအချိန်က ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။ "ခရစ်စတီယန်ဟာ ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်း ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အံ့မခန်း ခရီးစဉ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ သူဟာ ကျွန်တော်တို့ ကလပ်အသင်းခေါင်းဆောင်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး ကစားသမားတွေထဲက တစ်ဦးပါ"

"အန္တရာယ်ကို အာရုံခံနိုင်စွမ်းနဲ့ ကြားဖြတ်ဖမ်းယူနိုင်စွမ်းက အလွန်မြင့်မားသလို ပထမ သို့မဟုတ် ဒုတိယထိတွေ့မှုနဲ့ ဘောလုံးကို ရှေ့ကို ပို့နိုင်တဲ့ အရည်အချင်းကလည်း အလွန်ကောင်းမွန်ပါတယ်" "ဒီရာသီမှာ သူ့ရဲ့ ဂိုးသွင်းနိုင်စွမ်းလည်း တိုးတက်လာခဲ့ပါတယ်။ ကျွန်တော် ခရစ်စတီယန်ကို ပထမဆုံး နည်းပြခဲ့တုန်းက သူက နံပါတ် ၁၀ ကစားသမားပါ။ အခုတော့ သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်ကွင်းလယ်လူတွေထဲက တစ်ဦး ဖြစ်နေပါပြီ။ ကျွန်တော် အရမ်းပျော်ပါတယ်" "ခရစ်စတီယန်က အသင်းကို ဦးဆောင်ပြီး ကျွန်တော်တို့ အတူတူ အောင်မြင်မှုတွေ ဆက်လက်ရရှိနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းတွင် အာဆင်နယ်ဟာ ကီပါ အာရီဇာဘာလာဂါနှင့် မာတင် ဇူဘီမင်ဒီတို့၏ ခေါ်ယူမှုများကို လာမည့်ရက်အနည်းငယ်အတွင်း အတည်ပြုတော့မှာဖြစ်ပါတယ်။ ချဲလ်ဆီးဂိုးသမားအတွက် ပေါင် ၅ သန်း ကုန်ကျမှာဖြစ်ပြီး သူ့ဟာ ကလပ်ရဲ့ လက်ရှိ နံပါတ် ၁ ဒေးဗစ် ရာယာအတွက် ပြိုင်ဘက်တစ်ဦး ဖြစ်လာမှာ ဖြစ်ပါတယ်။ ဇူဘီမင်ဒီအတွက် သဘောတူညီမှုမှာမူ ဇန်နဝါရီလကတည်းက စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး စပိန်လက်ရွေးစင်က လာမယ့်ရာသီတွင် ဒက်ကလန် ရိုက်စ်နှင့် မာတင် အိုဒီဂတ်တို့နှင့်အတူ အာဆင်နယ်၏ ပထမဦးစားပေး ကွင်းလယ်လူအဖြစ် ပါဝင်ဖွယ်ရှိနေပါတယ်။