The network connection is lost.

Banner Image

လူငယ်စတားတစ်ဦးကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တဲ့ အာဆင်နယ်

သတင်းတွေအရ အာဆင်နယ်ဟာ ရှန်ရော့ခ်ရိုဗာအသင်းလူငယ်စတား ဗစ်တာဟိုဟီရန်ဗူနာကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။

အသက် ၁၆ နှစ်သားဟာ အိုင်ယာလန်ပရီးမီးယားလိဂ်မှာကစားနေပြီဖြစ်ကာ အသက် ၁၈ နှစ်ပြည့်ချိန်မှာ အာဆင်နယ်ထံ ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။ ဗစ်တာရဲ့ပြောင်းရွှေ့ကြေးဟာ အခုနှစ်အစောပိုင်းတုန်းက တော့တင်ဟမ်ကခေါ်ယူခဲ့တဲ့ မေဆင်မာလီယာရဲ့စံချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။
ဗစ်တာဟာ အာဆင်နယ်နဲ့ ဆေးစစ်မှုအောင်မြင်ခဲ့ပြီဖြစ်ကာ အပြီးသတ်လက်မှတ်ထိုးဖို့သာကျန်တော့တယ်လို့ အက်သလက်တစ်က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာ ဆယ်ကျော်သက်စတားကိုခေါ်ယူနိုင်ဖို့ ဥရောပအသင်းတော်တော်များများကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အိုင်ယာလန်မှာ အာဆင်နယ်အသင်းရဲ့ကင်းထောက်တွေအပြင် ကစားသမားခေါ်ယူရေးကိုပါ ချဲ့ထွင်လာခဲ့တာဖြစ်ပါတယ်။ အကယ်ဒမီအသင်းကို နည်းပြ မာတီဆက်ကာ နဲ့ နည်းစနစ်ဒါရိုက်တာ အီလစ်တို့က တာဝန်ယူနေတာဖြစ်ပြီး ရှန်ရော့ခ်ရိုဗာအသင်းကို စတီဖင်ဘရက်ဒလေ နဲ့ မက်ဖေးလ်တို့က ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဗစ်တာဟာ လူငယ်ဖြစ်ပေမယ့် အိုင်ယာလန်လိဂ်မှာ ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ရာသီတုန်းက ရှန်ရော့ခ်ရိုဗာစီနီယာအသင်းအတွက် ပါဝင်ကစားခဲ့ပါတယ်။ အီးယူရဲ့စည်းမျည်းတွေကြောင့် ဗစ်တာအနေနဲ့ အိုင်ယာလန်မှာဆက်နေမှာဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ချိန်မှ အာဆင်နယ်ထံပြောင်းရွှေ့လာမှာဖြစ်ပါတယ်။

အပြောင်းအရွှေ့က အခုအပတ်ထဲမှာအပြီးသတ်မှာဖြစ်ပြီး အာတီတာ နဲ့ အာဆင်နယ်တို့က ကစားသမားရဲ့တိုးတက်မှုကို ဆက်လက်စောင့်ကြည့်မှာဖြစ်ပါတယ်။ အင်္ဂလန်ကိုမပြောင်းလာခင် ဗစ်တာအနေနဲ့ အိုင်ယာလန်မှာ စီနီယာအတွေ့အကြုံပိုယူဖို့ ပြင်ဆင်နေပါတယ်။