The network connection is lost.

Banner Image

မန်စီးတီးပစ်မှတ်ကို ပေါင် ၁၀ သန်းဖြင့်ခေါ်ယူဖို့ လုပ်နေတဲ့ အာဆင်နယ်

နော်ဝေးကလပ် ရိုဆန်ဘတ်အတွက် ပွဲပေါင်း ၅၀ ကျော် ကစားပေးထားတဲ့ အန်ပန်ဟာ ဥရောပရဲ့ အလားအလာရှိဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ထွက်ပေါ်လာပါတယ်။

အဆိုပါလူငယ်ကစားသမားကို ပေါင်သန်း၁၀ လောက်ဖြင့် ရရှိနိုင်မှာဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ယူဖို့ ပိုပြီးဖြစ်နိုင်ချေရှိနေတာပါ။ The Athletic ရဲ့ ဖော်ပြချက်အရ ကစားသမားရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်မချရသေးဘဲ အာဆင်နယ်ကတော့ ကစားသမားရဲ့ကလပ်အပါအဝင် အေးဂျင့်နဲ့ပါ ဆွေးနွေးမှုတွေလုပ်နေပြီဖြစ်ပါတယ်။

တစ်နိုင်ငံတည်းသား အိုဒီဂတ်နှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတာကြောင့် အန်ပန်ရဲ့ဆုံးဖြတ်ချက်ချမှုကို လွှမ်းမိုးနိုင်ဖို့ အာဆင်နယ်က မျှော်လင့်နေပါတယ်။အတွေ့အကြုံနည်းနေသော်လည်း ခေါ်ယူလိုက်ပါက လူငယ်ကစားသမားဟာ အာတီတာရဲ့ ပထမအသင်းသို့ ချက်ချင်းရောက်လာမှာဖြစ်ပါတယ်။

မန်စီးတီးကလည်း ကစားသမားကို စိတ်ဝင်စားတယ်လို့ ပြောလို့ရပြီး ပရီမီးယားလိဂ်ချန်ပီယံနှင့် ဆွေးနွေးဖို့အတွက် လာမယ့်ရက်အတွင်း မန်ချက်စတာသို့ လာရောက်မယ်လို့ အချို့သော သတင်းတွေက ဖော်ပြထားပါတယ်။ အာဆင်နယ်ကတော့ ပထမအသင်းသို့ ချက်ချင်းခေါ်ယူမှာဖြစ်ပေမယ့် မန်စီးတီးကတော့ လူငယ်ကစားသမားကိုခေါ်ယူပြီးနောက် ညီနောင်ကလပ်တစ်ခုသို့ ပထမဆုံးအငှားချသွားနိုင်တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဇူဘီမန်ဒီအားခေါ်ယူရေးတွင် မန်စီးတီးအား အသာရရှိခဲ့တာဖြစ်ပြီး ရီးရဲလ်ဆိုစီဒက်စ်ကွင်းလယ်ကစားသမားဟာ အမ်မရိတ်သို့ရောက်ရှိဖို့ စာချုပ်ရဲ့နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ပါတယ်။ ယခုလဈေးကွက်မှာ ဂန်နာတွေဟာ ကစားသမားဖြည့်တင်းဖို့ ရှာဖွေနေပြီး အထူးသဖြင့် ကာလရှည်ဒဏ်ရာရရှိသွားတဲ့ ဂျီးဆပ်နှင့် ဆာကာတို့နေရာတွေအတွက် ဖြစ်ပါတယ်။

"သင့်တော်တဲ့ ကစားသမားကိုတွေ့တယ်ဆိုရင် ဒါဟာ ကျွန်တော်တို့က ကစားသမားရှာဖွေရေးမှာ ကောင်းကောင်းကြီးလုပ်နေတာပါပဲ"
"ကစားသမားတိုင်းတော့မဟုတ်ပါဘူး။ အသင်းအတွက် အကျိုးသက်ရောက်မှုရှိမယ့် ကစားသမားကိုသာခေါ်မှာပါ"

"လက်ရှိအသင်းက ကစားသမားအချို့ကိုဆုံးရှုံးထားရတာက ရှင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အကူညီလိုအပ်နေပါတယ်။ အသင်းကလည်း အဲ့ဒီအတွက်လုပ်နေပါတယ်။ ကလပ်အတွက် မှန်ကန်သင့်လျော်မယ့်အရာကို ကျွန်တော်တို့က လုပ်ဆောင်ရမှာပါ" လို့ အာတီတာက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မန်စီးတီးကတော့ အပြောင်းအရွှေ့ဈေးကွက်မှာ အလုပ်ရှုပ်နေပြီး ကူဆာနိုနှင့် ဗစ်တာရိစ်တို့ရောက်လာပြီးနောက် ဖရန့်ဘတ်တိုက်စစ်မှူး အိုမာမာမွတ်အား တတိယမြောက် ခေါ်ယူမှုအဖြစ် စာချုပ်ချုပ်ဆိုထားပါတယ်။