The network connection is lost.

Banner Image

နိုက်စ်နဲ့ ပွဲမှာ ပင်နယ်တီ ၂ကြိမ်အထိ လွဲခဲ့တဲ့ ဘာလိုဂန်ဘက်ကနေ ကာကွယ်ပေးလိုက်တဲ့ မိုနာကိုနည်းပြ အဒီဟက်တာ

ပြင်သစ်လီဂူးဝမ်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ မိုနာကိုအသင်းနဲ့ နိုက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် နိုက်စ်အသင်းက ၀ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး မိုနာကိုအသင်းအနိုင်ရစေမယ့် ပင်နယ်တီ ၂ကြိမ်လုံးကို တာဝန်ယူကန်သွင်းရာမှာ လွဲချော်ခဲ့တဲ့ ဘာလိုဂန်နဲ့ ပက်သက်ပြီး မိုနာကို နည်းပြ အဒီဟက်တာက ဘာလိုဂန်အနေဖြင့် ဂိုးကံခေခဲ့တာလို့  ကာကွယ်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ပြီးခဲ့တဲ့နှစ် ဩဂုတ်လတွင် ဘာလိုဂန်အား လီဂူးဝမ်းကလပ် ရိမ်းစ်အသင်းကို အငှားချထားခဲ့တာဖြစ်ပြီး ဘာလိုဂန်အနေဖြင့် ပွဲဦးထွက်ပွဲစဉ်မှာပဲ ရိမ်းစ်အသင်းအတွက် သွင်းဂိုးရှာဖွေပေးကာ ခြေစွမ်းပြရင်း လီဂူဝမ်းပြိုင်ပွဲအတွင်း ထိပ်တန်းဂိုးသွင်းရှင် တစ်ဦးအဖြစ်ပါ သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်မြေတွင် ထိပ်တန်းခြေစွမ်းပိုင်းကို ပြသနိုင်ခဲ့ပြီးမှာ ကစားသမားက လန်ဒန်ကလပ်အတွက် ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်မရပါက အငှားထွက်ကစားတာမျိုးမလုပ်ဘဲ အပြီးပြောင်းရွှေ့ကစားရန် ပြင်ဆင်နေခဲ့တာကြောင့် အာဆင်နယ်အသင်းက ခေါ်ယူလိုတဲ့ကလပ်အသင်းတွေအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀သတ်မှတ်ခဲ့ပေမဲ့ မိုနာကို အသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ဖြင့် ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိုနာကိုအသင်းအနေဖြင့် အာဆင်နယ်စတားကို ခေါ်ယူနိုင်ရေး အခြားကလပ် အသင်းတွေထက် အခွင့်အရေး ပိုများခဲ့ပြီး ကစားသမားအနေဖြင့်လည်း ရိမ်းစ်အသင်းနဲ့အတူ ဂိုးသွင်းခြေဖော်ထုတ်နိုင်ခဲ့တဲ့ လီဂူးဝမ်းပြိုင်ပွဲတွင် အခြေချရေးအတွက် စိတ်အားထက်သန်နေတာကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရန် လွယ်ကူခဲ့ပြီး မိုနာကိုအသင်းကို ပြောင်းရွှေ့နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မိုနာကိုအသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် စတင်ပါဝင်ကစားခွင့်ရတဲ့ ပွဲစဉ်မှာ ပင်နယ်တီ ၂ ကြိမ်လွဲချော်ခဲ့တဲ့ ဘာလိုဂန်နဲ့ ပက်သက်လို့ နည်းပြ အဒီဟက်တာက “ကျွန်တော်တို့အသင်းမှာ နံပါတ် ၁၀ နေရာ ကစားနိုင်တာက ဘင်ယက်ဒါရော ဘာလိုဂန်ပါ ၂ယောက်ရှိနေတာပါ။ ဒါကြောင့် တိုက်စစ်အတွက် တစ်ယောက်ကို ချန်ထားစရာမလိုပါဘူး။ နေရာလှည့်ကစားလိုက်ရုံပါပဲ။ ဘာလိုဂန်အနေနဲ့ ဒီနေ့ပွဲမှာက ဂိုးကံကို ခေလွန်းနေတာပါ။ သူပြန်လာနိုင်ရန် ကျွန်တော်တို့ဘက်မှ ကူညီပေးသွားမှာပါ။ နိုင်လည်း အတူတူ ရှုံးလည်း အတူတူပေါ့။ သူကလည်း လာမယ့်ပွဲစဉ်တွေ ရောက်ရင် အများကြီး ကူညီပေးပါလိမ့်မယ်”လို့ ကာကွယ် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။