The network connection is lost.

Banner Image

အာနိုးလ်နဲ့ပတ်သက်လို့ လီဗာပူးပရိသတ်တွေဆီ သတိပေးစကားပြောဆိုလိုက်တဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က အာဆင်နယ်နဲ့ပွဲစဉ်အတွင်း ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ အာနိုးလ်နဲ့ပတ်သက်လို့ သူ့ရဲ့အစီအစဉ်တွေကို ဖွင့်ဟလာခဲ့ပါတယ်။

လာမယ့်နွေရာသီကာလ၊ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန် ကလပ်အသင်းမဲ့ကစားသမားအဖြစ် ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့ဖို့ ရည်ရွယ်ထားတဲ့ အာနိုးလ်က ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ အသင်းမှထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကြောင့် လီဗာပူးပရိသတ်တွေရဲ့စိတ်ထဲမှာ အစာမကြေဖြစ်နေခဲ့ပါတယ်။ အာဆင်နယ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျတဲ့ ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် အာနိုးလ် ကွင်းတွင်းဝင်ရောက်လာချိန် ကြိုးကြာနီပရိသတ်တွေက သူတို့ရဲ့စိတ်ပျက်နေမှုကို ဖော်ပြသွားခဲ့ပါတယ်။

အစောပိုင်းမှာလည်း အန်းစလော့က လာမယ့်ရာသီ၊ လီဗာပူးအသင်းရဲ့ခံစစ်ညာအစွန်တာဝန်ကို ကော်နာဘရက်ဒလေ ထမ်းဆောင်လိမ့်မယ်လို့ အတည်ပြုပြောကြားထားပါတယ်။ ဒါကြောင့် အာနိုးလ်အတွက် လီဗာပူးမှာ နောက်တစ်ကြိမ်ပွဲထွက်ခွင့်ရရှိဖို့ မမျှော်လင့်နိုင်ပေမယ့် အခုအချိန်မှာတော့ အန်းစလော့က လိုအပ်ရင် အသက်-၂၆ နှစ်အရွယ်ကစားသမားကို ပွဲထွက်ခွင့်ပေးရလိမ့်မယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ ကျွန်တော်စဉ်းစားမိတဲ့အရာက ကျွန်တော်ကိုယ်တိုင်လည်း ဘောလုံးပွဲစဉ်တစ်ခုကို အနိုင်ရရှိချင်တယ်ဆိုတာပါပဲ။ ပွဲစဉ်တစ်ခုမှာ အာနိုးလ်နဲ့အတူ ကျွန်တော်တို့ အနိုင်ရနိုင်တယ်လို့ တွေးမိရင် ပရိသတ်တွေဆီ၊ အသင်းဖော်တွေဆီ အာနိုးလ်ကို ကျွန်တော် ပို့ဆောင်ပေးရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက တက်နိုင်သမျှ ဘောလုံးပွဲစဉ်အများစုကို အနိုင်ရရှိအောင် လုပ်ပေးဖို့ ကျွန်တော့်ကို ငှားရမ်းထားလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာနိုးလ်ကိုသာ ပွဲကစားချိန်ပေးပြီးနောက် အနိုင်ရရှိဖို့ အခွင့်အလမ်းကောင်းတစ်ခုရှိနေမယ်လို့ ကျွန်တော် စိတ်ကူးမိတယ်ဆိုရင် ကျွန်တော် သူ့ကို ပွဲကစားခွင့်ပေးရပါလိမ့်မယ်။

ပွဲကောင်းတစ်ခုကို မကစားနိုင်ဘဲ ကျွန်တော်တို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုခု ဖြစ်ပေါ်လာနိုင်မယ်ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သွားရပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့မှာတော့ အာနိုးလ်က ပွဲကစားခွင့် ဘာကြောင့်ရရှိသလဲဆိုတဲ့အချက်ကို သက်သေပြနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့  သူက အံ့မခန်းဖြတ်တင်ဘောအချို့နဲ့အတူ ကျွန်တော်တို့အတွက် နိုင်ပွဲရရှိစေဖို့ အလွန်နီးစပ်အောင် ကူညီပေးခဲ့လို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ကြိုးကြာနီတွေက မကြာခင်မှာပဲ သူတို့ရဲ့အကြိမ် ၂၀ မြောက် အမှတ်ပေးချန်ပီယံဆုနဲ့ အောင်ပွဲခံသွားဖို့ ရှိနေပါတယ်။ ဒါကြောင့် အာနိုးလ်ရဲ့ထွက်ခွာမှုဟာ ဒီအောင်ပွဲခံမှုကို အေးစက်သွားစေမလားဆိုတဲ့ မေးခွန်းကို အန်းစလော့က ငြင်းဆန်ခဲ့ပြီး “ ဒီအကြိမ် ၂၀ မြောက်လိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်မှုမှာ ကျွန်တော်တို့ကို စိတ်ပျက်သွားစေမယ့် အကြောင်းချင်းရာတစ်ခုခုရှိနေလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။