
ယူနိုက်တက်ကို ထိုက်တန်တဲ့နေရာပြန်ပို့ပေးဖို့ တာဝန်ရှိတယ်လို့ခံစားရကြောင်းပြောကြားလာတဲ့ အာမိုရင်
၂၀၂၄-၂၅ ဘောလုံးရာသီမှာ ယူနိုက်တက်ဟာ နည်းပြအပြောင်းအလဲတွေနဲ့အတူ ကျရှုံးမှုတွေနဲ့ တွေကြုံခဲ့ရပြီး ယခုအခါမှာ ပြီးခဲ့တဲ့ ဒုတိယရာသီဝက်က အသင်းကိုစတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြရူဘင်အာမိုရင်က အသင်းကို သူနဲ့ထိုက်တန်တဲ့နေရာပြန်ပို့ပေးဖို့ သူ့မှာတာဝန်အပြည့်အဝရှိတယ်လို့ ခံစားရကြောင်း ပြောကြားလာခဲ့ပါတယ်။
ပေါ်တူဂီသားနည်းပြက "ဘောလုံးနဲ့သက်ဆိုင်တဲ့ ဘောလုံးသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေအားလုံးက ရာသီအသစ်နီးကပ်လာနဲ့အမျှ စိတ်လှုပ်ရှားမှုတွေ ပိုမိုမြင့်တက်လာကြပါတယ်။ အာလုံးက ရာသီသစ်မှာ အကောင်းဆုံးပုံစံနဲ့ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်နေကြမှာပါပဲ။ ယူနိုက်တက်မှာလည်း ဒီလိုပါပဲ"
"ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီက ကျရှုံးမှုတွေကို မေ့ပစ်ထားလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုကျရှုံးမှုတွေကနေ သင်ခန်းစာယူပြီး ပိုကောင်းတဲ့အသင်းဖြစ်အောင် တည်ဆောက်နိုင်ဖို့လိုအပ်လို့ပါ။ ခက်ခဲတဲ့အခိုက်အတန့်တွေနဲ့ အရှုံးတွေကို လောင်စာအဖြစ်အသုံးချပြီး နောက်ရာသီမှာ ပိုကောင်းတဲ့အသင်းအဖြစ် ပြန်လာနိုင်ဖို့ကြိုးစားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အသင်းဟာ အခက်အခဲတွေကြုံတွေ့ခဲ့ရပေမယ့် အဆိုပါအခက်အခဲတွေက ပိုကောင်းစေတဲ့ သင်ခန်းစာတွေဖြစ်ကြောင်းကိုလည်း အာမိုရင်က "ပြီးခဲ့တဲ့ ၈ လအတွင်းကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအခက်အခဲတွေကို ကျေးဇူးတင်ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်နဲ့ ကစားသမားတွေအကြားက နားလည်မှုနဲ့ ရည်မှန်းချက်တွေက ပိုမိုတိုးတက်လာခဲ့ပါပြီ"
"ကျွန်တော်သိလိုက်ရတာနောက်တစ်ခုကတော့ ဒီအသင်းက မှော်ဆန်တဲ့အသင်းဆိုတာပါပဲ။ ပရိသတ်တွေရဲ့အားပေးမှုကလည်း သာမန်မဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက်ကို သူနဲ့ထိုက်တန်တဲ့နေရာပြန်ပို့ပေးဖို့ ကျွန်တော့်မှာတာဝန်ရှိတယ်လို့ခံစားရပါတယ်။ လာမယ့်ရာသီမှာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေ အကုန်ပြည့်စေမယ်လို့တော့ ကျွန်တော်ကတိမပေးနိုင်ပါဘူး။ဒါမှ ကျွန်တော်လုပ်နိုင်သမျှ အရာအားလုံးကိုလုပ်ဆောင်ပြီး အသင်းအတွက်အစွမ်းကုန်ပေးဆပ်သွားမယ်ဆိုတာတော့ ကတိပေးပါတယ်" လို့ပြောကြားခဲ့ပါတယ်။