
ဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့မက်ဆေ့ချ်ပေးပို့လိုက်တဲ့ အာမိုရင်
အယ်လ်-ဟီလယ်အသင်းက စိတ်ဝင်စားနေချိန်မှာ ယူနိုက်တက်နည်းပြ အာမိုရင်က ဖာနန်ဒက်စ်တစ်ယောက် သူ့ရဲ့နောက်ဆုံးပွဲပါဝင်ကစားခဲ့တာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ ဆော်ဒီကလပ်ဘက်က ယူနိုက်တက်စတားကို ပေါင်သန်း ၈၀ + တစ်နှစ်လုပ်ခလစာ ယူရို ၂၅ သန်းနဲ့ကမ်းလှမ်းထားတာဖြစပါတယ်။ ဖာနန်ဒက်စ်ဟာ မနေ့ညတုန်းက ဟောင်ကောင်အသင်းကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက် ပါဝင်ကစားပေးခဲ့ပါတယ်။
ပွဲအပြီးသတင်းထောက်တွေက ဖာနန်ဒက်စ်အခြေအနေကို မေးမြန်းရာမှာ အာမိုရင်က “ကျွန်တော်တော့ မထင်ပါဘူး။ ဘယ်သူမှသေချာမသိပါဘူး။ ဘယ်သူမှမသိပေမယ့် ကျွန်တော်တော့ မထင်ပါဘူး။ သူက အရာအားလုံးကိုပြောင်းလဲဖို့ အချို့လုပ်ဆောင်မှုတွေကို ယူဆောင်နေပါတယ်။ သူက ဒီမှာဆက်နေချင်တယ်လို့ ထင်ပါတယ်။ သူ့မှာအများကြီးပြောစရာမရှိပါဘူး။ သူအနိုင်ရချင်တယ်ဆိုတာကို ပြသနေပါတယ်။ သူကငယ်ရွယ်သလို ကမ္ဘာ့အကောင်းဆုံးလိဂ်မှာ သူ့လိုကစားသမားမျိုးတွေလိုအပ်ပါတယ်။
ဥရောပဝင်ခွင့်မရတာကြောင့် ငွေကြေးတစ်ရပ်အတွက် အခြားနည်းလမ်းရှာရပါမယ်။ မှန်ပါတယ်။ ကျွန်တော်က နည်းပြဖြစ်သလို တစ်ချို့အချိန်တွေမှာ အဲ့တာကကစားသမားဆုံးဖြတ်ပါ။ ဒါပေမယ့် ကျွန်တော် သူနဲ့စကားပြောပြီး အကြောင်းအရာတွေကို ရှင်းပြဖြစ်ပါတယ်။ သူဆက်နေချင်တယ်ဆိုတဲ့ ခံစားချက်မျိုးရပါတယ်။ မှန်ပါတယ်။ ဒီရာသီပွဲတော်တော်များများက စိတ်ပျက်စရာပါ။ ဒါပေမယ့် သူလုပ်နေတာကို သူသိပါတယ်။ ကျွန်တော် သူနဲ့စကားပြောတိုင်းမှာ သူယူနိုက်တက်နဲ့ဆက်နေချင်တယ်ဆိုတာကို မြင်ရပါတယ်။ ဒါပေမယ့် ခင်ဗျားအနာဂတ်မှာ ဘာဖြစ်မလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူး”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။